ဘာဆေးသောက်သောက် မပျောက်တဲ့ခေါင်းကိုက်ရောဂါကို ဒီလိုလေးတွေစမ်းကြည့်ပါလား
ခေါင်းကိုက်ပျောက်ဆေးတွေ သောက်ဆေးတွေထိုး အိပ်ရာထဲကမထနိုင် ခေါင်းကိုက်ခြင်းကြောင့် ဒုက္ခအဖုံဖုံကြုံရ လူမှုဘဝထိခိုက်ရသူတွေအတွက် ထိရောက်တဲ့နည်းလမ်းလေးတွေမျှဝေလိုက်ပါတယ်။
♦ အကြောဆုံနေရာတွေဖြစ်တဲ့ ဦးခေါင်းနောက်စေ့ လည်ပင်းနဲ့ ပခုံးတွေကိုနှိပ်နယ်ပေးခြင်း နားထင်ကိုဖွဖွနှိပ်နယ်ပေးခြင်းဖြင့် ခေါင်းကိုက်တဲ့အကြိမ်ရေ ကျဆင်းလာပြီး ကောင်းစွာအိပ်ပျော် ကျန်းမာလာစေပါတယ်။
♦ အကအခုန်တွေ အေရိုးဗစ်ကတာတွေကလည်း နာကျင်ခြင်းကိုသက်သာလျော့ပါးစေတဲ့ ဆေးတလက်ပါနော်။ အကဝါသနာပါလား။သီချင်းလေးဖွင့်တီဗီလေးရှေ့မှာ လှုပ်ခါပြီး အားရပါးရ ဒွန့်ကြည့်ပါဦ။ အိမ်တွင်းစက်လေးနဲ့ နေ့စဉ်စက်ဘီးနင်း လေ့ကျင့်ခန်းလုပ်သူတွေဟာ ခေါင်းကိုက်သက်သာလာကြပါသတဲ့။
♦ တရားထိုင်သူတွေဟာ ခေါင်းကိုက်အကြိမ်ရေလျော့နည်းလာတဲ့အပြင် နာကျင်မှုတွေခံနိုင်ရည်ရှိလာကြပါတယ်။ နေ့စဉ်၁၅မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ပါဦး။ ကြွက်သားတင်းမာတာတွေလျော့ပါးလာပြီး စိတ်ကြည်နူးချမ်းမြေ့လာတာလက်တွေ့ပါပဲ။
Bio Adult 1

♦ ယောဂလေ့ကျင့်ခန်းရဲ့ အစွမ်းကတော့အံမခန်းပါပဲ။ ကိုယ်နေဟန်ထားအမျိုးမျိုးကိုဟန်ချက်ညီအောင် ထိန်းသိမ်းထားတာအသက်ရှုတာ ဖြေလျှော့တာတွေက ဦးနှောက်နဲ့အာရုံကြောကိုအလွန်အားဖြည့်ပေးပြီး ခေါင်းကိုက် သက်သာစေပါတယ်။
♦ အသက်ပြင်းပြင်းရှူခြင်း၊ သီချင်းအေးအေးလေးတွေ နားထောင်ခြင်း စိတ်ဖိစီးမှုလျှော့ချခြင်းတွေကလည်း အပ်စိုက်ကုထုံး ထက်တောင် အစွမ်းထက်ပြီး ကြွက်သားတင်းမာမှုတွေကိုလျော့ပါးစေကာ ထိထိရောက်ရောက် ခေါင်းကိုက်ပျောက်စေမှာပါ။
♦ နားထင်ကို ရေခဲဝတ်လေးကပ်လိုက်ခွာလိုက်လုပ်တာကလည်းအကျိူးရှိတဲ့နည်းပါပဲ။ နားထင်သွေးအပူချိန်ကိုလျှော့ချလိုက်ခြင်းဖြင့် အလွန်နေသာ ကောင်းမွန်လာလေ့ရှိပါတယ်။
ဦးခေါင်းတွင်း သံလိုက်လှိုင်းလွှတ်ကုသရင်လည်း အဆင်ပြေတယ်လို့ ဆိုကြပေမယ့် ခုထိတော့ စမ်းသပ်အဆင့်ပဲရှိပါသေးတယ်။
♦ ဦးခေါင်းတွင်းကိုအာရုံကြော လှုံဆော်အထူးကိရိယာအချောင်းလေးတခု ထည့်သွင်းကုသတာကလည်း လုပ်လာကြပါတယ်။ ဦးခေါင်းအခြေ မှာမြုပ်နှံထည့်သွင်းလိုက်တာဖြစ်ပြီးလျှပ်စစ်သံလိုက်လှိုင်းတွေထွက်လာပြီး ခေါင်းကိုက်သက်သာလာကြပါသတဲ့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Bio Adult 2

(Unicode)















