မကြာခဏ မေ့တတ်နေပြီလား
အသက်ကြီးလာတာနဲ့အမျှ မေ့တတ်လာတာ ပြဿနာပါပဲ။ တချို့သောသူတွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်တာကို တွေ့ရပါတယ်။
>> မေ့တတ်လာတဲ့အခါ အထူးသတိပြုရမယ့် လက္ခဏာတွေကတော့ -
● စွမ်းဆောင်ရည် ကျဆင်းလာမယ်။
● အလုပ် လုပ်နိုင်စွမ်း လျော့လာမယ်။
● အထိမခံဘူး၊ ဒေါသကြီးလာမယ်။
● စကားပြောနေရင်း ရုတ်တရက် မေ့တတ်လာမယ်။
● တခြားလူတွေပြောတာ နားမလည်တော့ဘူး။
● ခါတိုင်းလုပ်နေကျ အိမ်အလုပ်တွေ မလုပ်နိုင်တော့ဘူး။
● မေးခွန်းတွေကို ထပ်ခါထပ်ခါ မေးမယ်။
● သန့်ရှင်းစင်ကြယ်မှု အားနည်းမယ်။
● သွားနေကျနေရာတွေကို မသွားနိုင်တော့ဘူး။
>> အဲလိုတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ -
● သွေးစစ်မယ်။
● ဦးနှောက် ဓာတ်မှန်ရိုက်မယ်။
● ဦးခေါင်းတွင်းအရည်တွေကို ဖောက်ပြီး စစ်ဆေးမယ်။
>> အရွယ်မတိုင်ခင် မေ့တတ်တာတွေ ကာကွယ်ဖို့ -
● အစေ့အဆံတွေ များများစားပါ။
● ကိုယ်လက်လှုပ်ရှားပါ၊ လမ်းလျှောက်ပါ။
● အိပ်ရေးဝအောင် အိပ်ပါ။
● အမြဲရွှင်လန်းတက်ကြွနေပါစေ။
● ဆေးလိပ်ဖြတ်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















