မချိုးသင့်တဲ့မိုးရေ
အရမ်းပူလောင် အိုက်စပ်နေတဲ့အချိန်မှာ သင်္ကြန်မိုး ရွာလိုက်တဲ့အခါ ပတ်၀န်းကျင်တစ်ခုလုံး အေးမြသွားသလို အားလုံးလည်း ပျော်သွားကြမှာပါ။ လူကြီးတွေ ပျော်သလို ကလေးတွေကလည်း မိုးရေထဲ ပြေးဆော့ချင်ကြမှာပါပဲ။ ဒါပေမဲ့ ပထမဆုံးရွာတဲ့မိုးရေကို မချိုးသင့်ပါဘူး။ အကြောင်းရင်းတွေကတော့ -
1. ပထမဆုံးရွာတဲ့မိုးဟာ ပတ်၀န်းကျင်မှာ အညစ်အကြေး၊ အဆိပ်အတောက်တွေ တော်တော်များများ ပါ၀င်ပါတယ်။
2. အပူကြီး ပူနေရာကနေ ရုတ်တရက် မိုးရွာလိုက်တဲ့အခါ အပူချိန် အပြောင်းအလဲဖြစ်ပြီး ကိုယ်ခံအား ကျဆင်းကာ ရာသီတုပ်ကွေး ဖြစ်စေနိုင်ပါတယ်။
3. ခြောက်သွေ့နေတဲ့ မြေကြီးပေါ် မိုးရွာချလိုက်တဲ့အခါ စွတ်စို ဗွက်ထပြီး ယာဉ်အန္တရာယ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။
မိုးရေတွေ စိုလာတယ်ဆိုရင်လည်း ရေနွေးပူပူလေး သောက်၊ နွေးနွေးထွေးထွေးလေး ၀တ်ပြီး အနားယူလိုက်ပါ။
Dr. Zero (www.drmyanmar.com)















