မစဉ်းစားမိသော အသေးစိတ်များ
1. ချက်အတွင်းမှာ တွေ့တတ်တဲ့ မီးခိုးပြာရောင်အရာတွေက ဘာတွေလဲ?
Belly button lint လို့ခေါ်တဲ့ ချက်ပတ်လည်မှာရှိနေတဲ့ အမွေးပွလေးတွေက များသောအားဖြင့် ခန္ဓာကိုယ်မှ အမွေး၊ အရေပြားဆဲလ်သေ၊ အ၀တ်အစားများနှင့် ခန္ဓာကိုယ်ရှိအမွေးများ ပွတ်တိုက်မှုကြောင့် ထွက်လာတဲ့ အမျှင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ အမွှေးအမျှင်ဟာ အမျိုးသားတွေထက် ပိုချောမွေ့ပြီးတိုတာကြောင့် အမျိုးသမီးတွေမှာ buly button lint ဟာ ပိုနည်းတာကိုတွေ့ရပါတယ်။ များသောအားဖြင့် မီးခိုးပြာရောင်ရှိတတ်ပြီး ခန္ဓာကိုယ် အပေါ်မှာ ဆိုးကျိုးတစုံတရာသက်ရောက်မှုမရှိပါဘူး။
2. မျက်၀တ်မှာ ဘာတွေပါ၀င်သလဲ?
အိပ်ရာနိုးချိန်မှာတွေ့ရတတ်တဲ့ မျက်၀တ်ဟာ မျက်စိကျန်းမာရေးကောင်းမွန်ဖို့အတွက် မရှိမဖြစ် ပစ္စည်းတခုဖြစ်ပြီး အရေပြားဆဲလ်၊ အခြားသော စွန့်ပစ်ပစ္စည်းများနှင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အငွေ့ပျံသွားတဲ့ အရည်ပမာဏပေါ်မူတည်ပြီး အစို၊ အခြောက်ကွဲပြားနိုင်ပါတယ်။ eye boogers လို့ခေါ်တဲ့ မျက်၀တ်ဟာ မျက်စိကိုထိခိုက်စေမယ့် ဖုန်၊ အမှိုက် စတာတွေကို ဖယ်ရှားပေးခြင်းဖြင့် မျက်စိကျန်းမာရေးကောင်းမွန်ဖို့အတွက် ကာကွယ်ကူညီပေးပါတယ်။ မျက်၀တ်ဟာ တချိန်လုံးထွက်နေ ပေမယ့် မျက်တောင်ခတ်ချိန်မှာ မျက်ရည်နှင့်အတူ ပါသွားလေ့ရှိပါတယ်။ ဒါကြောင့် မျက်လုံးစုံမှိတ်အိပ်ပျော်နေချိန်မှသာ မျက်၀တ်တွေက မျက်လုံးဒေါင့်နှင့် မျက်တောင်တ၀ိုက်မှာ စုပုံလာတာဖြစ်ပါတယ်။
3. ဘာကြောင့် လေယာဉ်ပေါ် လေပိုလည်လေ့ရှိတာလဲ?
ဖိအားအပြောင်းအလဲက လေပွစေတာကြောင့် လေယာဉ်စီးချိန်မှာ လေပိုလည်တာဖြစ်ပါ တယ်။ လေယာဉ်မောင်းသူတွေအနက် 60% ခန့်မှာ လေပွခြင်းကို ခံစားရလေ့ရှိပါတယ်။ သာမန်လေယာဉ်စီး ခရီးသည်တွေအတွက် ပြဿနာမရှိပေမယ့် လေယာဉ်အခန်းငယ်အတွင်းမှာ ဓာတ်ငွေ့ပမာဏများပြားလာခြင်းက မီးလောင်ကျွမ်းမှုကိုဖြစ်စေနိုင်တာကြောင့် အာကာသ ယာဉ်မှူးတွေအတွက် လေပွခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္႑မှာရှိနေပါတယ်။
Dr. Htet Htet Aung
















