မနက်စာမှာ အသားဓာတ်ကိုစားရင် ကိုယ်အလေးချိန်ကိုကျစေပါတယ်
အသားဓာတ်က ကိုယ်အလေးချိန်ကျဖို့အတွက် အဓိကကျပါတယ်။ ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုရင် စားနေကျအစားအစာထဲမှာ အသားဓာတ်ပိုထည့်စားတာကအလွယ်ဆုံးနည်းလမ်းပါပဲ။ လေ့လာမှုတွေအရဆိုရင် အသားဓာတ်က အစာစားချင်စိတ်ကိုလျော့ကျစေပြီးတော့ အလွန်အကျွံမစားမိအောင်ထိန်းပေးနိုင်တယ်လို့ဆိုပါတယ်။
ဒါကြောင့် နေ့တစ်နေ့ကို အသားဓာတ်များများစားပြီးစတင်လိုက်တာက ကိုယ်အလေးချိန်ကျဖို့အတွက် လုံးဝအကျိုးရှိစေနိုင်ပါတယ်။
>> မနက်စာစားသင့်လား???
အရင်တုန်းကတော့ မနက်စာမစားဘဲနေတာက ကိုယ်အလေးချိန်တက်စေတယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ မနက်စာစားခြင်းမစားခြင်းက ကိုယ်အလေးချိန်ကျတာ၊ တက်တာနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့ သက်သေပြချက် ကောင်းကောင်းတွေ့ထားပါတယ်။
ဒါပေမယ့်လည်း မနက်စာစားတာက ကောင်းတယ်ဆိုတဲ့အခြားအကြောင်းတွေအများကြီးရှိပါတယ်။ ဥပမာ- မနက်စာစားတာက ကျောင်းနေအရွယ်ကလေးတွေ၊ ဆယ်ကျော်သက်အရွယ်တွေနဲ့ လူနာအချို့အတွက် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေကို တိုးတက်စေပါတယ်။ ဒါကလည်း မနက်စာရဲ့အရည်အသွေးအပေါ်မူတည်ပါသေးတယ်။
>> အသားဓာတ်က ကိုယ်အလေးချိန်ကျဖို့အတွက် ဘယ်လိုအထောက်အကူဖြစ်လဲ ???
ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်က အသားဓာတ်ကို ဇီဝကမ္မချေဖျက်ဖို့အတွက် ကယ်လိုရီပိုသုံးပါတယ်။ ပြီးတော့အသားဓာတ်က ဗိုက်ပြည့်ချိန်ကိုကြာစေပါတယ်။
အသားဓာတ်က ရေရှည်ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အစားအစာထဲကို အသားဓာတ်ထည့်စားတာက ကိုယ်အလေးချိန်ကျဖို့အတွက် အရမ်းအကျိုးရှိစေပါတယ်။ ရေရှည်ကိုယ်အလေးချိန်ကျဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
မနက်စာမှာအသားဓာတ်များများစားခြင်းက နေ့လည်စာ၊ ညစာတွေကိုနည်းနည်းစားမိစေပါတယ်။
မနက်စာမှာအသားဓာတ်များများစားခြင်းက ဆာလောင်မှုကိုလျော့ကျစေပြီးတော့ နေ့လည်စာ၊ ညစာတွေမှာ ကယ်လိိုရီစားတာပိုနည်းစေပါတယ်။ ဒါ့အပြင်အသားဓာတ်က အာသာဖြစ်တဲ့စိတ်နဲ့ အစာအများကြီးစားမိတာကို လျော့ကျစေတဲ့ အစာစားချင်စိတ်ကို ဖြတ်ပေးတဲ့ခန္ဓာကိုယ်အချက်ပေးမှုတွေကိုလှုံ့ဆော်ပါတယ်။ ဆာလောင်မှုကိုဖြစ်စေတဲ့ဟော်မုန်းနည်းသွားပြီးတော့ ဗိုက်ပြည့်စေတဲ့ဟော်မုန်းတွေတက်လာစေလို့ဖြစ်ပါတယ်။
အသားဓာတ်မြင့်မားစွာပါဝင်တဲ့မနက်စာက ကိုယ်အလေးချိန်ကျစေရုံသာမကဘဲ ဝမ်းဗိုက်ကအဆီတွေကိုလည်း ကျစေပါတယ်။ အရည်အသွေးမြင့်တဲ့ အသားဓာတ်ပါဝင်တဲ့အစားအစာတွေကိုစားလေလေ ဝမ်းဗိုက်အဆီနည်းစေလေလေပဲဖြစ်ပါတယ်။
>> အသားဓာတ်က ဇီဝကမ္မဖြစ်စဉ်ကိုလည်းပိုကောင်းစေပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကိုပိုမြန်စေခြင်းက ကယ်လိုရီပိုလောင်ကျွမ်းစေတဲ့အတွက် ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကစီဓာတ်နဲ့အဆီဓာတ်တွေစားတာထက် အသားဓာတ်စားတာက ကယ်လိုရီလောင်ကျွမ်းမှုကိုပိုများစေပါတယ်။ ကယ်လိုရီများများစားခြင်းက တစ်နေ့ကို ကယ်လိုရီအပိုလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ကယ်လိုရီကိုတွက်ပြီးစားနေရတဲ့အချိန်မှာ အသားဓာတ်များများစားပေးခြင်းက ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပြီးတော့ ကိုယ်အလေးချိန်ကျလာတဲ့အတွက် ဇီဝကမ္မဖြစ်စဉ်ကျဆင်းမသွားအောင်လည်း ကာကွယ်ပေးပါတယ်။
>> ဒီတော့မနက်စာမှာ အသားဓာတ်များများပါအောင်ဘာတွေစားကြမလဲ
ကြက်ဥ - မနက်စာမှာကြက်ဥစားခြင်းအားဖြင့် နောက်ထပ် 36 နာရီအတွင်းကယ်လိုရီနည်းနည်းပဲစားစေပြီးတော့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အဆီကိုပိုကျစေပါတယ်။ ငါး၊ ပင်လယ်စာ၊ အသား၊ နို့ထွက်ပစ္စည်းတွေကလည်း မနက်စာအဖြစ်စားသုံးသင့်တဲ့အသားဓာတ်ပါဝင်တဲ့အစားအစာတွေပါပဲ။
ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အသားဓာတ်ပါဝင်မှုမြင့်မားတဲ့အစားအစာအချို့ကတော့-
- ကြက်ဥမွှေ - အသီးအရွက်တွေနဲ့ရောမွှေပြီး၊ သံလွင်ဆီ၊ အုန်းဆီတို့နဲ့ကြော်ထားတဲ့ ကြက်ဥမွှေကြော်
- တို့ဖူးနဲ့ဟင်းရွက်ကြော်
- Greek yogurt တို့ဖြစ်ပါတယ်၊
Dr. Mya Myo Myo Swe (www.drmyanmar.com)
















