မမေ့တတ်အောင် ဒီ ဗီတာမင်တွေ ဆောင်
မကြာခဏ မေ့တတ်နေပြီလား။ အသက်လည်း ဆိုသလောက် မကြီးသေးပါဘဲ အမြဲမေ့တတ်လို့ စိတ်ပျက်နေရသူတွေအတွက် မေ့လျော့ခြင်းကို ကူညီတိုက်ဖျက်ပေးမယ့် ဗီတာမင်အုပ်စုတွေအကြောင်း တင်ပြပေးလိုက်ပါတယ်နော်။
● ဗီတာမင်ဘီတွဲနဲ့ အိုမီဂါသရီးကို ပေါင်းစပ်သောက်သုံးခြင်းဖြင့် အယ်လဇိုင်းမားရောဂါမှာ ဖြစ်တတ်တဲ့ ဦးနှောက်စွမ်းအား လျော့နည်းကျဆင်းတာကို ထိရောက်စွာ သက်သာစေပါတယ်နော်။
● အစေ့အဆံတွေ၊ ထောပတ်သီးနဲ့ ငရုတ်ပွတောင့်တွေမှာ ပါဝင်တဲ့ ဗီတာမင်အီးကြောင့် အယ်လဇိုင်းမားရောဂါကို ထိထိရောက်ရောက် ကာကွယ်စေပါတယ်။
● အိုမီဂါသရီး အမျိုးအစားထဲမှာ ပါဝင်တဲ့ DHA ကြောင့် ဦးနှောက်စွမ်းအားတိုးစေပြီး မေ့လျော့တာအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်နော်။
ဒီလိုပြင်ဆင်ထားတဲ့ မြေထဲပင်လယ်ဒေသတွေမှာ စားကြတဲ့ အစားအစာတွေပာာ မှတ်ဉာဏ်အတွက် အဆင်ပြေကောင်းမွန်တဲ့ ဓာတ်စာပါ။
● ပန်းကန်ရဲ့ထက်ဝက်ကျော်က လတ်ဆတ်တဲ့အသီးအနှှံတွေနဲ့ ပြည့်မောက်နေပါတယ်။
● အမဲသား၊ ဆိတ်သား လုံးဝ ဖြတ်မယ်၊ ရှောင်မယ်။
● ငါးများများ စားမယ်။
● အစားအစာတွေကို ပြင်ဆင်ရာမှာ ပာင်းသီးပာင်းရွက်ဆီ၊ သံလွင်ဆီတွေကို သုံးမယ်။
ကင်ထား၊ ကြော်ထား၊ ဆီစိမ်ထားတဲ့ အစားအသောက်တွေပာာ သွေးတွင်းကိုလက်စထရောကို မြင့်စေလို့ မှတ်ဉာဏ်နည်းမှု မေ့လျော့စေမှုတွေနဲ့ ဆက်စပ်နေမယ်လို့ ယူဆရပါတယ်။
အလှုပ်အရှားနည်းပြီး အဝလွန်တဲ့သူတွေ လေးပင်ထိုင်းမှိုင်းပြီး အဆီ အငန် အဆိမ့်မှ ကြိုက်သူတွေပာာ တခြားသူတွေထက် မှတ်ဉာဏ်စွမ်းအား လျော့နည်းနေတတ်မှာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















