/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်လုံးထဲကို-တစ်စုံတစ်ခု-မတော်တဆ-ဝင်သွားတဲ့အခါ

မျက်လုံးထဲကို တစ်စုံတစ်ခု မတော်တဆ ဝင်သွားတဲ့အခါ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်လုံးထဲကို တစ်စုံတစ်ရာ ဝင်သွားတဲ့အခါ ဘယ်လိုပြုစုသင့်တယ်ဆိုတာလေး တင်ပြပေးလိုက်တယ်နော်။

●        ပထမဆုံးအနေနဲ့ လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး ပြောင်စင်အောင် ဆေးကြောပါ။

●        ရေဖန်ခွက်ထဲကို ရေသန့်သန့်လေးထည့်ပြီး မျက်လုံးအိမ်ကို ရေထဲမှာနှစ်ကာ မျက်လုံးကို ဖွင့်ချည်ပိတ်ချည်လုပ်ခြင်းဖြင့် မျက်လုံးထဲဝင်သမျှ အမှုန်လေးတွေ၊ ဆေးရည်၊ ဓာတုပစ္စည်းတွေကို ရေအားဖြင့် ဓာတ်ပြယ်စေပါတယ်။

●        နောက်တစ်ခုက ရေချိုးခန်းထဲကို ဝင်လိုက်ပြီး ရေပန်းအောက်မှာ မျက်နှာထားကာ မျက်နှာနဲ့ မျက်လုံးထဲကို ရေတသွင်သွင် စီးကျစေတာပါ။

●        တကယ်လို့ မျက်ကပ်မှန် တပ်ဆင်ထားမယ်ဆိုရင်တော့ ဘာပဲလုပ်လုပ် မျက်ကပ်မှန်ကို အရင်ဖယ်ရှားဖို့ လိုပါတယ်။ တချို့သော အရာဝတၳုတွေ အမှုန်လေးတွေက မျက်ကပ်မှန်အခြေမှာ ကပ်နေတတ်လို့ပါ။

          မျက်လုံးထဲကို ပြင်ပပစ္စည်းတစ်ခုခု ဝင်သွားတဲ့ လူတစ်ယောက်ကို ကူညီမယ်ဆိုရင် -

●        သင့်လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး ပြောင်အောင်ဆေးကြောပါ။

●        အလင်းရောင် ကောင်းကောင်းနေရာမှာ ထိုင်ခိုင်းပါ။

●        မျက်လုံးကို အသာ ဖြဲဖွင့်ပြီး အထဲမှာ ဝင်နေတဲ့အရာကို ရှာပါ။

●        မျက်လုံးကို အပေါ်နဲ့အောက် တစ်လှည့်စီ ကြည့်စေပြီး မျက်သားတွေကို ကြည့်ပါ။

●        မျက်သားပေါ်မှာ တစ်ခုခု ကပ်နေရင် ရေနဲ့ ဆေးချပါ။

●        ဒါမှမဟုတ် မျက်လုံးကို ရေထဲမှာ မှိတ်ချည် ဖွင့်ချည်လုပ်ခြင်းဖြင့် အမှုန်သေးလေးတွေကို သူ့အလိုလို ထွက်သွားစေပါတယ်။

●        မျက်လုံးထဲက အရာကို လက်ညှိုးနဲ့ထိပြီး မထုတ်ပါနဲ့။ မျက်လုံးကို မပွတ်ရပါ။ မျက်သားထဲမှာ တစ်ခုခု စိုက်ဝင်နေရင် ချက်ချင်း မျက်စိဆရာဝန် ပြသပါ။

 

>>    ဆေးပညာအကူအညီ ဘယ်အချိန်ယူသင့်ပါသလဲ?

●        ရေထဲမှာ ဆေးတာတောင် အရာက ထွက်မသွားဘူး

●        သစ်သားစတစ်ခုခု အစအနလေးဟာ မျက်လုံးထဲမှာ စိုက်ဝင်နေရင်

●        မျက်လုံးအမြင်အာရုံ ရုတ်တရက် ထိခိုက်သွားရင် မမြင်ရတော့ရင်

●        အရာဝတၳု ထုတ်ပြီးပေမယ့် နီနေတာ၊ ကိုက်တာ၊ နာတာ တစ်ခုခု ဆက်လက်ခံစားနေရရင် ဆရာဝန်နဲ့ ဆက်လက်ပြသပြီး ဆေးအကူအညီယူကြဖို့ တိုက်တွန်းပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)