/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်ပူခြင်းအတွက်-ရှောင်ရန်-ဆယ်ချက်

ရင်ပူခြင်းအတွက် ရှောင်ရန် ဆယ်ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာစားပြီးတိုင်း ရင်ခေါင်းထဲမှာပူပူကြီးခံစားနေရသူတွေအတွက် ရှောင်ကိုရှောင်သင့်တဲ့ အဓိက အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ဆရာဝန်၊ ဆရာမက ပေးတဲ့ဆေးတွေသောက်သလို မိမိကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရမယ့် အချက်လေးတွေကို သိထားတော့ ရောဂါကြာရှည်မခံစားရတော့ဘူးပေါ့။

 

1.အလွန်အကြူး ဗိုက်တင်းအောင်စားတာက အစာရေမျိူပြွန်ရဲ့ အောက်ပိုင်း ကြွက်သားကို ဖိအားပိုစေပြီး ရင်ပူနာပိုဆိုးစေပါတယ်။ အစာကိုနည်းနည်းနဲ့မကြာခဏစားပါ။ 

 

2.မြန်မြန်စားတတ်သူတွေဟာလည်း အစာမကြေလွယ်တော့ပါဘူး။ 

• တဇွန်းချင်း ဖြည်းဖြည်းစားပါ။

• စားတိုင်းအချိန်ယူပါ။

• ပလုပ်ပလောင်းမစားပါနဲ့။

Kremil-S 1

3.ရင်ပူနာကို ပိုဆိုးစေတဲ့ အစားအစာများကိုဖော်ပြပေးလိုက်ပါတယ်။

• အဆီများသောအစားအစာများ

• ငရုတ်ဆီ

• နို့ဆီနို့မှုန့်ဒိန်ခဲ

• ငရုတ်ကောင်း

• ကော်ဖီလက်ဖက်ရည်

• ပူပူစပ်စပ်အစားအစာ

• ခရမ်းချဉ်သီးဆော့

• ဂရိတ်ဖရုသီး၊ သံပရာသီး

 

4.အပြင်ထွက်စားတဲ့အခါ ဒါတွေရွေးစားပါ။

• အဆီမပါတဲ့အသား

• စွပ်ပြုတ်ကျဲကျဲ

• အသီးအရွက်ပြုတ်

• အာလူးကင်

• ထမင်းဖြူ

• ဆီချက်ခေါက်ဆွဲ တို့ကိုရွေးစားလို့ရပါတယ်။

 

5.စားပြီးပြီးချင်းအိပ်ရာမဝင်ပါနဲ့။

• အစာရေမျိူပြွန်ကို အနားပေးပါ။ 

• စားပြီး နှစ်နာရီနေမှ အိပ်ပါ

• ညမှာ ထပ်မစားပါနဲ့။

• နေ့လည်စာသိပ်များသွားရင်ညစာကိုစွပ်ပြုတ်လောက်သာသောက်သင့်ပါတယ်။

Kremil-S 2

6.ပက်လက်အိပ်တာက ရင်ပူနာပိုဆိုးစေပါတယ်။ ခေါင်းအုံးမြင့်မြင့်အုံးပါ။ စောင်းအိပ်ပါ။

 

7.ဆေးလိပ်သောက်တာလောက် ပိုဆိုးစေတာမရှိတော့ပါဘူး။

ဆေးလိပ်သောက်ရင်..

• အာခြောက်ပါတယ်

• အစာအိမ်အက်ဆစ်ပိုထွက်ပါတယ်

• အစာရေမျိုပြွန်ကြွက်သားမူမမှန်ဖြစ်စေပါတယ်။

 

8.အရက်သောက်လေ ဆိုးလေလ့ို်မှတ်ပါ။ 

 

9.သိပ်ကြပ်တဲ့အဝတ်တွေဝတ်ခြင်းဖြင့် အစာအိမ်ကိုဖိညှစ်သလိုဖြစ်ပြီး အစာအိမ်အက်ဆစ်တွေကို ဆန်တက်စေပါတယ်။

 

10.နောက်ဆုံးအနေနဲ့ စိတ်ဖိစီးမှုလျှော့ချပါ။တရားထိုင်ပါ။ ခရီးထွက်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုပါ။ ဘယ်လောက်ပဲတခြားအချက်တွေ ရှောင်ရှောင်စိတ်ဖိစီးလေ ရင်ပူနာမပျောက်လေပါပဲ။

 

ဂျီပီငှက် (www.drmyanmar.com)

(Unicode)


 


 





 










 








 






 


 






 


 


 


 
