ရုတ်တရက် ရင်ဘတ်အောင့် နှလုံးဖောက်နေသူတွေနဲ့ ကြုံတွေ့ရမယ်ဆိုရင်
မိခင်၊ ဖခင်၊ ညီအကိုမောင်နှမတွေမှာ အသက် ၆၅ ကျော်တာနဲ့ နှလုံးရောဂါဖြစ်ဖူးရင် ကိုယ်လည်းဖြစ်ဖို့ အခြေအနေများပါပြီ။ ကျန်းမာရေးဆေးစစ်ချက် ခြောက်လတစ်ခါ ပြုလုပ်ပါ။ သွေးတွင်း ကိုလက်စထေရော ပမာဏကို မှန်မှန်စစ်ဆေးပြီး သင့်တော်တဲ့အာဟာရနဲ့ အနေအထိုင် ပြောင်းလဲမှုတွေလုပ်ခြင်းဖြင့် သွေးကြောရောဂါတွေကို ဝေးဝေးထားလိုက်နိုင်မှာပေါ့။
စိတ်ဓာတ်ကျဆင်းတာ အထီးကျန်တာနဲ့ နှလုံးသွေးကြောရောဂါတွေက ဆက်စပ်လျက်ရှိပါတယ်။ ဆီးချိုရှိသူတိုင်းမှာ နှလုံးရောဂါဖြစ်ဖို့ အခြေအနေ နှစ်ဆတက်သွားပါပြီ။
>> ရုတ်တရက် ရင်ဘတ်အောင့် နှလုံးဖောက်နေသူတွေနဲ့ ကြုံတွေ့ရမယ်ဆိုရင် -
● ဆေးရုံကို အမြန်ဆုံးပို့ဖို့ စီစဉ်ပါ။
● အက်စပရင်ဆေးဝါး ဝါးစားခိုင်းပါ။
● အမြဲဆောင်ထားတဲ့ လျှာအောက်ငုံဆေး နိုက်ထရော ကို ခါတိုင်းလို ငုံလိုက်ပါ။
● သတိလစ်မေ့မျောသွားရင် အရေးပေါ်ဖြစ်တဲ့ အသက်ကယ်လုပ်ဆောင်ရန် ရင်ဘတ်ကို ဖိနှိပ်ပါ။
● ပါးစပ်ကို လေမှုတ်သွင်းခြင်း ရင်ဘတ်ကို တောက်လျှောက်ဖိနှိပ်ခြင်းတွေ လုပ်ဆောင်ပါ။
● အရေးပေါ်နှလုံးနှိုးကိရိယာ AED ကို အသင့်ထားထားပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သင့်ပါတယ်။
>> နှလုံးကျန်းမာရေးကောင်းဖို့ ဒါလေးတွေ လိုက်နာပါ။
● ဆေးလိပ်ဖြတ်ပါ။
● အဆီအအိမ့် ရှောင်ပါ။
● ပုံမှန်ကျန်းမာရေးစစ်ဆေးချက် ပြုလုပ်ပါ။
● ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
● အဝမလွန်အောင် ထိန်းထားပါ။
● အသီးအရွက ်များများစားပါ။
● ဆီးချို၊ သွေးချို ထိန်းချုပ်ကုသပါ။
● စိတ်ဖိစီးမှုကို ထိန်းချုပ်ကုသပါ။
● အရက်ဖြတ်ပါ၊
ဗိုက်ထွက်နေတာက အလှပျက်ရုံတင်မကဘဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေပါသေးတယ်။ ဗိုက်ချပ်စေဖို့ အစားရှောင် လေ့ကျင့်ခန်းလုပ်ရင်း နှလုံးအန္တရာယ်အသွယ်သွယ်ကို ကာကွယ်ထားရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















