လက်ထိပ်အရေပြား ကွာခြင်း၊ လန်ခြင်း၊ ကွဲခြင်းတွေ မဖြစ်စေဖို့ ...
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
လက်ထိပ်မှာရှိတဲ့ အရေပြား လန်တာတွေ၊ ကွဲတာတွေက အမြဲကြုံရလေ့ရှိတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီလိုလက်ထိပ်အရေပြားတွေ အက်ကွဲခြင်း မဖြစ်စေဖို့အတွက် လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
• လက်ဆေးတဲ့အခါမှာ ရေပူနဲ့ဆေးမယ့်အစား ရေနွေးနွေးလေးနဲ့ပဲ ဆေးပါ။
• ပန်းကန်ဆေးတဲ့အခါ၊ သန့်ရှင်းရေးပစ္စည်းတွေကို သုံးတဲ့အခါမှာ လက်အိတ်ဝတ်ပါ။
• ရာသီဥတုအေးအေးမှာ အပြင်ထွက်တဲ့အခါ နွေးထွေးတဲ့လက်အိတ်ကို ဝတ်ဆင်သွားပါ။
• လက်တွေကို ရေနဲ့ ထိတွေ့ပြီးနောက် လက်ထိပ်လေးတွေကို အစိုဓာတ်ထိန်းလိမ်းဆေး လိမ်းပေးပါ။
Dr. Mya Myo Myo Swe (www.drmynamar.com)
















