/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူငယ်တွေမှာရော-အရိုးအဆစ်-နာကျင်တောင့်တင်းတာမျိုး-ဖြစ်နိုင်သလား

လူငယ်တွေမှာရော အရိုးအဆစ် နာကျင်တောင့်တင်းတာမျိုး ဖြစ်နိုင်သလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ် နာကျင်တောင့်တင်းခြင်းဟာ အဖြစ်များတဲ့ အဆစ်အမြစ်ရောဂါတစ်မျိုးပါပဲ။ မှားယွင်းနေတဲ့ အယူအဆတစ်ခုကတော့ Osteoarthritis ဟာ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်ဆိုတဲ့ အယူအဆပါ။ လူကြီးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ကလေးတွေနဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။

Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ် နာကျင်တောင့်တင်းခြင်းဆိုတာ ...

Osteoarthritis ဆိုတာ အဆစ်မှာဖုံးထားတဲ့ အရိုးနုလေးတွေ ပျက်စီးသွားတာကြောင့် ဖြစ်လေ့ရှိတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုအဆစ်ဖုံးအရိုးနုလေးတွေ ပျက်စီးပြီး အရိုးအချင်းချင်း ပွတ်တိုက်မိရာကနေ နာကျင်မှုတွေ၊ တောင့်တင်းမှုတွေနဲ့ လှုပ်ရှားနိုင်စွမ်းအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
တချို့တွေမှာတော့ အဆစ်အမြစ် ရောင်ရမ်းတာ၊ လှုပ်ရှားလိုက်တိုင်း အဆစ်တွေ အသံမြည်တာမျိုး ခံစားရတတ်ပါတယ်။
အဆစ်အမြစ်တွေအားလုံးမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် လက်ချောင်းတွေ၊ ဒူး၊ တင်ပါးဆုံနဲ့ ခါးဆစ်ရိုးတွေမှာ အဖြစ်များပါတယ်။

Alaxan IA (1)

>>  ဘာတွေကြောင့် Osteoarthritis ဖြစ်နိုင်သလဲ?
လူကြီးနဲ့လူငယ်မှာ Osteoarthritis ဖြစ်ရတဲ့ အကြောင်းရင်းတွေ မတူညီပါဘူး။
လူငယ်တွေမှာ ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ -
●  အဝလွန်နေခြင်း
●  လှုပ်ရှားမှုနည်းပါးခြင်း
●  အချိန်အကြာကြီး ထိုင်နေရခြင်း
●  ထိုင်ပုံ၊ အလေးအပင်မပုံဟန်မမှန်ခြင်း
●  အားကစား ပြင်းပြင်းထန်ထန် ဆော့ကစားခြင်း
●  အဆစ်အမြစ်ကို ဒဏ်ဖြစ်စေတဲ့ အလုပ်အကိုင်လုပ်ခြင်း
●  အဆစ်အမြစ် ထိခိုက်ဒဏ်ရာဖြစ်ခြင်း
●  အရိုးကျီးပေါင်းမိသားစုရာဇဝင်ရှိခြင်း
●  တင်ပါးဆုံအဆစ်မွေးရာပါလွဲရောဂါရှိခြင်း
●  ဆီးချိုသွေးချိုရောဂါရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Alaxan IA (2)

အသက်ကြီးသူတွေမှာတော့ နှစ်ပေါင်းများစွာ အဆစ်အမြစ်သုံးခြင်းကြောင့် ဖြစ်တာများပါတယ်။
>>  လက္ခဏာတွေက ...
ဘယ်အသက်အရွယ်မှာမဆို လက္ခဏာတွေက တူတူပဲဆိုပေမယ့် အသက်ငယ်သူတွေမှာတော့ အနည်းငယ်မတူဘဲ ပြောင်းလဲနိုင်ပါတယ်။ လူငယ်တွေမှာ Osteoarthritis ဖြစ်တဲ့အခါ သူတို့ရဲ့အလုပ်အကိုင်တွေ၊ လှုပ်ရှားမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာပါ ပြဿနာတွေ ပေးလာနိုင်ပါတယ်။

>>  ဘယ်လိုကုသနိုင်မလဲ?
အရိုးအဆစ်အမြစ် ပြောင်းလဲသွားတာကိုတော့ ပြန်လည်ပြုပြင်ပြောင်းလဲလို့မရပေမယ့် လက္ခဏာတွေကို ထိန်းချုပ်ပြီး ပုံမှန်လူကောင်းအတိုင်း တတ်နိုင်သလောက် နေထိုင်နိုင်လို့ရစေပါတယ်။

ကုသနည်းတွေကတော့ အဓိက လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးသောက်ခြင်း၊ အရိုးလေ့ကျင့်ခန်းကုထုံးတွေ ပြုလုပ်ခြင်းနဲ့ ခွဲစိတ်ကုသခြင်းတို့ ပါဝင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲရာမှာ အဓိကကတော့ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ယောဂလိုလေ့ကျင့်ခန်းမျိုး ပြုလုပ်ခြင်း၊ ကိုယ်လက်ပြန်လည်သန်စွမ်းရေး ဆရာဝန်နဲ့ပြပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ လိမ်းဆေးလိမ်းတာ၊ အပူကပ်၊ ရေခဲကပ်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။
သောက်ဆေးအနေနဲ့ကတော့ Alaxan လိုမျိုး အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးနိုင်ပါတယ်။

ဒါတွေနဲ့မှ မသက်သာရင် အရိုးထဲ စတီးရွိုက်ထိုးတာ၊ hyaluronic acid ထိုးတာ၊ platelet rich plasma ထိုးတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။ အရမ်းဆိုးလာခဲ့ရင်တော့ ခွဲစိတ်တဲ့အထိ ကုသမှုခံယူဖို့ လိုတတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)