အများသုံးအိမ်သာများရှိလက်အခြောက်ခံစက်များကြောင့် ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရနိုင်
လေ့လာမှုအသစ်တစ်ခုအရ အများသုံးအိမ်သာအတွင်းရှိ လက်အခြောက်ခံစက်များကြောင့် ဘက်တီးရီးယားပိုးမွှားများ ပျံ့ပွားနိုင်တယ်လို့သိရပါတယ်။ University of Leeds မှ သိပ္ပံပညာရှင်များက လက်အခြောက်ခံစက်အနီးရှိလေထုနှင့် လက်သုတ်စက္ကူများ ထားရာနေရာအနီးရှိ လေထုများကိုနှိုင်းယှဉ်စစ်ဆေးခဲ့ရာ လက်အခြောက်ခံစက်အနီးရှိ လေထုထဲတွင် ဘက်တီးရီးယားပိုးမွှားပါ၀င်နှုန်းသည် 27 ဆ မြင့်တက်နေတာကိုတွေ့ရပါတယ်။
လက်အခြောက်ခံနေစဉ် အတောအတွင်းတွင် လက်မှတဆင့် Lactobacillus ဘက်တီးရီးယားသည် လေထုထဲသို့ ပျံ့နှံ့ရောက်ရှိပြီးလေထုထဲတွင် ဆယ့်ငါးမိနစ်ထက်ပို၍ အသက်ရှင်နေတာကြောင့် လက်အခြောက်ခံသူတစ်ဦးမှ တစ်ဦးသို့ ၎င်းဘက်တီးရီးယားပိုးမွှားများ ပျံ့နှံ့ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် လက်အခြောက်ခံစက်များအစား စက္ကူကိုသာအသုံးပြုသင့်တယ်လို့ အကြံပြုလိုက်ရပါတယ်။
Dr. Htet Htet Aung






























