/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လျှာပွတ်တံအသုံးပြုခြင်းရဲ့-အကျိုးကျေးဇူးများ

လျှာပွတ်တံအသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  ခံတွင်းရန့ံကောင်းမွန်စေပါတယ်

            ခံတွင်းရနံ့ကောင်းမွန်စေဖို့ သွားတိုက်တံကိုချည်း အားကိုနေလို့မရပါဘူး။ လျှာပေါ်မှာတင်ကျန်နေတဲ့ ဘက်တီးရီးယား၊ အစာအကြွင်းအကျန်များ၊ မှိုနဲ့ ဆဲလ်အသေတွေကို လျှာပွတ်တံအသုံးပြု၍ ဖယ်ရှားလိုက်ခြင်းဖြင့် ခံတွင်းရနံ့ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်လိုက်ပါ။

2.  ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ပြန်လည်စုပ်ယူခြင်းမရှိအောင် ပြုလုပ်ပေးပါတယ်

            အိပ်ပျော်နေတဲ့ အချိန်မှာခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ခြေဖျက်ဖယ်ရှားပေးပါတယ်။ လျှာပေါ်မှာတင်ကျန်နေတဲ့ အရာတွေက ခန္ဓာကိုယ်မှထုတ်လွှတ်လိုက်တဲ့ အဆိပ်တွေဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစောမှာ  လျှာပွတ်တံအသုံးပြု၍သန့်ရှင်းပေးခြင်းဖြင့် အဆိပ်အတောက်များ ခန္ဓာကိုယ်မှပြန်လည် မစုပ်ယူနိုင်အောင်ပြုလုပ်ပါ။

3.  သွားနှင့်ခံတွင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်

            အာခံတွင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ သွားနှင့်သွားဖုံးကို ပျက်စီးစေရုံသာမက ခံတွင်းရောဂါများဖြစ်လာနိုင်တာကြောင့် လျှာပွတ်တံအသုံးပြုပြီး ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးခြင်းဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးကောင်းမွန်အောင်လုပ်ဆောင်ပေးပါ။

4.  လျှာမှတဆင့် ကိုယ်တွင်းအင်္ဂါများရဲ့ ကျန်းမာရေးကိုသိရှိနိုင်ပါတယ်

            လျှာပေါ်မှာရှိတဲ့ အစိတ်အပိုင်းအသီးသီးဟာ ကိုယ်တွင်းအင်္ဂါများကိုကိုယ်စားပြုပါတယ်။ ဥပမာအားဖြင့် လျှာရဲ့ တဖက်တချက်နေရာတွေဟာအသဲ၊ ဘေလုံးနဲ့ သည်ခြေအိတ်တို့ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် လျှာကိုစစ်ဆေးခြင်းဖြင့် ၎င်းကိုယ်တွင်းအင်္ဂါများရဲ့ ကျန်းမာရေးကောင်းမကောင်းကိုသိနိုင်ပါတယ်။

5.  အရသာခံနိုင်စွမ်းကိုပိုမိုကောင်းမွန်လာစေပါတယ်

            လျှာပေါ်မှာတင်ရှိနေတဲ့ အညစ်အကြေးတွေကို လျှာပွတ်တံကဖယ်ရှားလိုက်တာကြောင့် အရသာခံအဖုတွေပိုမိုပေါ်လွင်လာပြီး အရသာခံနိုင်စွမ်းလည်းပိုမိုကောင်းလာပါတယ်။ အရသာခံနိုင်စွမ်း ပိုကောင်းလာတဲ့အခါ အစာခြေနိုင်စွမ်း၊ အူမှစုပ်ယူနိုင်စွမ်း ပိုမိုကောင်းမွန်လာပြီး ပိုမိုကျန်းမာလာစေနိုင်ပါတယ်။

 

 

Dr.Htet Htet Aung

www.drmyanmar.com