ဝမ်းမာရခြင်းအကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ
ကျွန်မတို့ဟာ ဝမ်းသွားစဉ် စမြင်းတုံးခံခြင်းကြောင့် နာကျင်ခြင်း ကသိကအောက်ဖြစ်ခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံ ဝမ်းမာတာမျိုးက ကိစ္စမရှိပေမယ့် ကာလကြာရှည် ခံစားနေရပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။
>> ဝမ်းမာခြင်းကို ပြသနေတဲ့ လက္ခဏာတွေကတော့ -
● စမြင်းတုံးခံခြင်း
● အစာစားပြီး အတော်ကြာမှ ဝမ်းသွားခြင်း
● ဝမ်းသွားရင် ညှစ်ရသဖြင့် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
>> ဝမ်းမာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ -
● ရေသောက်နည်းခြင်း
● ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ လုံလောက်စွာ မစားခြင်း
● လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းမပြုလုပ်ခြင်း
● Irritable Bowel Syndrome ရောဂါရှိခြင်း
● ဆီးသွားစေသောဆေးများ၊ သံဓာတ်အားဆေးများ၊ ကိုယ်တွင်းအစိတ်အပိုင်းနာကျင်မှု သက်သာစေသောဆေးများ သောက်နေခြင်း စသည်တို့ ဖြစ်ပါတယ်။
>> ဝမ်းမာခြင်းကို ဘယ်လိုသက်သာအောင် ပြုလုပ်မလဲ?
● ရေများများသောက်ပါ။
● နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုရှိအောင် နေထိုင်ပါ။
● ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ နေ့တိုင်းစားပါ။
● အမျှင်ဓာတ်ပါဝင်သော ဖြည့်စွက်စာများကို သောက်သုံးပါ။
● လိုအပ်ပါက ဝမ်းပျော့ဆေးသောက်နိုင်ပါတယ်။
အပေါ်မှာပြောသွားတဲ့အချက်တွေကို လိုက်နာနေထိုင်တာတောင်မှာ ဝမ်းမာနေသေးရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















