/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းမာရခြင်းအကြောင်းရင်းများနှင့်-သက်သာအောင်-ပြုလုပ်နည်းများ

ဝမ်းမာရခြင်းအကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ဟာ ဝမ်းသွားစဉ် စမြင်းတုံးခံခြင်းကြောင့် နာကျင်ခြင်း ကသိကအောက်ဖြစ်ခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံ ဝမ်းမာတာမျိုးက ကိစ္စမရှိပေမယ့် ကာလကြာရှည် ခံစားနေရပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။

>>  ဝမ်းမာခြင်းကို ပြသနေတဲ့ လက္ခဏာတွေကတော့ -
●  စမြင်းတုံးခံခြင်း
●  အစာစားပြီး အတော်ကြာမှ ဝမ်းသွားခြင်း
●  ဝမ်းသွားရင် ညှစ်ရသဖြင့် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

>>  ဝမ်းမာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ -
●  ရေသောက်နည်းခြင်း
●  ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ လုံလောက်စွာ မစားခြင်း
●  လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းမပြုလုပ်ခြင်း
●  Irritable Bowel Syndrome ရောဂါရှိခြင်း
●  ဆီးသွားစေသောဆေးများ၊ သံဓာတ်အားဆေးများ၊ ကိုယ်တွင်းအစိတ်အပိုင်းနာကျင်မှု သက်သာစေသောဆေးများ သောက်နေခြင်း စသည်တို့ ဖြစ်ပါတယ်။

>>  ဝမ်းမာခြင်းကို ဘယ်လိုသက်သာအောင် ပြုလုပ်မလဲ?
●  ရေများများသောက်ပါ။
●  နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုရှိအောင် နေထိုင်ပါ။
●  ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ နေ့တိုင်းစားပါ။
●  အမျှင်ဓာတ်ပါဝင်သော ဖြည့်စွက်စာများကို သောက်သုံးပါ။
●  လိုအပ်ပါက ဝမ်းပျော့ဆေးသောက်နိုင်ပါတယ်။

အပေါ်မှာပြောသွားတဲ့အချက်တွေကို လိုက်နာနေထိုင်တာတောင်မှာ ဝမ်းမာနေသေးရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)