သစ်သီးခြောက်တွေ စားသင့်၊ မစားသင့်
အခြားအစားအစာတွေလိုပဲ သစ်သီးခြောက်တွေမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေတတ်ပါတယ်။
သစ်သီးခြောက်တွေ စားခြင်းဖြင့် အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ရရှိတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants တွေလည်း အများအပြား ပါဝင်ပါတယ်။
ဒါပေမဲ့ အချိုဓာတ်နဲ့ ကယ်လိုရီတွေ မြင့်မားစွာ ပါဝင်တဲ့အတွက် ပုံမှန်ထက် ပိုစားမိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။
ဒါကြောင့် သစ်သီးခြောက်တွေကို အခြားအာဟာရပြည့်ဝတဲ့ အစားအသောက်တွေနဲ့ တွဲဖက်စားသုံးသင့်ပါတယ်။
ကယ်လိုရီဓာတ် အလွန်များပြားတဲ့အတွက် လက်တစ်ဆုပ်စာလောက် စားသုံးခြင်းဟာ အလွယ်တကူ ဝစေတတ်ပါတယ်။
ကစီဓာတ်လည်း များတဲ့အတွက် ကစီဓာတ် လျှော့စားနေသူတွေအတွက် မသင့်တော်ပါဘူး။
သစ်သီးခြောက်တွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာတော့ မဟုတ်ပေမယ့် အာလူးကြော်နဲ့ အခြားအလွယ်တကူ စားသုံးနိုင်တဲ့ သရေစာတွေထက်စာရင် ပိုမိုပြီး အာဟာရဓာတ် ပြည့်ဝတဲ့ သရေစာတစ်မျိုးပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















