သူငယ်ချင်းများနဲ့ ခင်မင်ရင်းနှီးစွာနေထိုင်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်
အပေါင်အသင်းများများရှိသူတွေဟာ နာကျင်ကိုက်ခဲမှုေ၀ဒနာကို အခြားသူတွေထက် ခံနိုင်ရည်ရှိစွမ်း ပိုမြင့်မားတယ်လို့ Oxford University မှ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြပြီး ယင်းကဲ့သို့နာကျင်မှုဒဏ်ကို သည်းခံနိုင်အားမြင့်မားရခြင်းမှာ ခင်မင်ရင်းနှီးမှုက endorphins ဟော်မုန်းပမာဏကို မြှင့် တင်ပေးခြင်းကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။ Endophin ဟာ နာကျင်မှုကို သက်သာစေတဲ့ဟော်မုန်းဖြစ် သလို သာယာတဲ့စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။
သူငယ်ချင်းတွေနဲ့ အပြန်အလှန်အဆက်အသွယ်ရှိခြင်းက endorphins ဟော်မုန်းနဲ့ ဦးနှောက်ရှိ opioid receptors (နာကျင်မှုကိုပျောက်စေသော၊ စွဲလမ်းမှုကိုဖြစ်စေသော morphine ဒါမှမဟုတ် heroin ဆေးတွေကဲ့သို့ဆောင်ရွက်သည့် receptors) တို့ ပေါင်းစည်းသွားစေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ထွက်လာစေပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့တွေ့ဆုံချိန်၊ အတူရှိနေချိန်မှာပျော်ရွှင်မှု၊ စိတ်ချမ်းမြေ့မှုတွေကို ခံစားရခြင်းဖြစ်ပါတယ်။ အဆိုပါအချက်ကို အခြေခံပြီး သုတေသီများအနေနဲ့ endorphins ဟော်မုန်းက morphine ထက် နာကျင်မှုသက်သာစေရာမှာ ပိုပြီး အားပြင်းမှုရှိ/မရှိလေ့လာ ခဲ့ရာမှာလည်း endorphins ဟာ နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိရာမှာ morphine ထက်ပိုသာကြောင်း တွေ့ရှိခဲ့ရ ပါတယ်။
CMS















