/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားကြိတ်နေလား

သွားကြိတ်နေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အမေရိကန်နိုင်ငံရှိ လူပေါင်း 40 မီလီယံကျော်ဟာ သွားကြိတ်တတ်ကြပါတယ်။ ထိုအထဲမှ 10% ဟာ ဆိုးဆိုးဝါးဝါး သွားကြိတ်ခြင်းကြောင့် သွားကျန်းမာရေးကို ထိခိုက်လာပါတယ်။ တခါတရံမှာ သွားကြိတ်ခြင်းဟာ မေးရိုးအဆစ်လွဲခြင်းနှင့် ဆက်စပ်နေတာကိုတွေ့ ရပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ သွား အနေအထားမမှန်ခြင်း၊ ဦးနှောက်ပြင်းထန်စွာဒဏ်ရာရခြင်းနှင့် စိတ်ကြွဆေးများ သုံးစွဲခြင်းအပါအ၀င် အခြားသောအကြောင်းအရာများကြောင့်လည်း လူအများစုဟာ သွားကြိတ်လေ့ရှိပါတယ်။ သွားကြိတ်တဲ့ အလေ့အကျင့်ရှိသူတွေအနေနဲ့ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ အရက်နှင့် ကဖင်းဓါတ်ပါသော အရည်များ လျှော့သောက်ခြင်း၊ သွားအချင်းချင်း ပွတ်တိုက်မှုမရှိအောင် ကာကွယ်ပေးသော ကိရိယာများ (bite plates, bite splints) များအသုံးပြုခြင်း၊ သွားအနေအထား ပုံမှန်ဖြစ်အောင် ပြုပြင်ခြင်း တို့ ပြုလုပ်ပေးသင့်ပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com