သွေးလွန်တုပ်ကွေးဖြစ်နေရင် အိမ်မှာ ဘယ်လို ပြုစုစောင့်ရှောက်မလဲ
1. အိမ်ပတ်ဝန်းကျင်နဲ့ အိမ်တွင်းကို သန့်သန့်ရှင်းရှင်းနဲ့ ခြင်မရှိအောင် ထားပါ။ သွေးလွန်တုပ်ကွေးဖြစ်ပြီးဆိုရင် နောက်ထပ် ခြင်ထပ်ကိုက်ပြီးတော့ တခြားသူတွေကို မကူးစက်အောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။
ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက်
● အိိမ်ထဲကို ခြင်မဝင်နိုင်အောင် ခြင်လုံဆန်ခါ တပ်ဆင်ထားပါ။
● ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထဲမှာ အိပ်ပါ။
● ခြင်ထိတွေ့မှုနည်းစေဖို့အတွက် အဝတ်အစားများကို လုံလုံခြုံခြုံ ဝတ်ဆင်ပါ။
● စီးဆင်းမှုမရှိတဲ့ ရေသေတွေမှာ ခြင်ပေါက်ဖွားခြင်းကို ကာကွယ်ဖို့အတွက် ရေစီးရေလာ ကောင်းအောင် လုပ်ပါ။ ရေထည့်တဲ့ ရေအိုးရေခွက်တွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပါ။ ဘုရားပန်းအိုး ပုံမှန်လဲပေးပါ။ ဖုံး၊ သွန်၊ လောင်း၊ စစ်ဖို့ မမေ့ပါနဲ့။
2. ဆရာ၀န်ချိန်းဆိုတဲ့ နေ့ရက်တိုင်း ပုံမှန် ဆေးခန်းခေါ်သွားပါ။
3. လူနာကို အပြည့်အဝ အနားယူခိုင်းပါ။ နာလန်ထချိန်မှာ လုပ်နေကျအလုပ်တွေကို တန်းမလုပ်ခိုင်းဘဲ ဖြည်းဖြည်းချင်းပဲ ပြန်စခိုင်းပါ။ သွေးလွန်တုပ်ကွေးကြောင့် ပြင်းပြင်းထန်ထန် ပင်ပန်းနွမ်းနယ်ခြင်း၊ နုံးခြင်းတွေ ဖြစ်စေတဲ့အတွက် အပြည့်အဝ အနားယူဖို့ အရေးကြီးပါတယ်။
4. လူနာကို ကိုယ်ပူကျစေဖို့အတွက် Biogesic လိုမျိုး ပါရာစီတမော ပါ၀င်တဲ့ဆေးဝါးတွေ တိုက်လို့ရပါတယ်။
5. အရည်များများ သောက်ပါစေ။ ကိုယ်ပူလို့၊ အန်လို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်ဖြည့်ပြီးတော့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ရေ၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်တွေ တိုက်ပေးဖို့ လိုပါတယ်။ အရည် အလုံအလောက်ရခြင်းက ဆေးရုံတက်ရခြင်းကို လျော့ကျစေနိုင်ပါတယ်။
အသက် ၁၉ နှစ်ကနေ ၃၀ ကြား အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ရေ 2.7 - 3 L သောက်သင့်ပြီး ကလေးတွေကတော့ ရေ 2.2 - 2.7 လီတာ သောက်ရပါမယ်။ တစ်နှစ်အောက် ကလေးငယ်တွေ ဆိုရင်တော့ တစ်နေ့ကို 0.7-0.8 L သောက်ဖို့ လိုပါတယ်။
Bio Adult 1

6. ရောဂါလက္ခဏာတွေကို နေ့စဉ်မှတ်တမ်း လုပ်ထားပါ။ ဒီလိုမှတ်ထားတာက ရောဂါလက္ခဏာ ပိုဆိုးလာမလာဆိုတာကို သိစေပါတယ်။ ကလေးတွေနဲ့ ကလေးငယ်လေးတွေမှာဆိုရင် ပြင်းထန်တဲ့လက္ခဏာတွေကို သေချာစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။
အောက်ပါအချက်တွေကို သေချာမှတ်သားထားပါ။
● ကိုယ်အပူချိန် - တစ်နေ့တည်းမှာ အပူချိန်တွေ မတူတတ်တဲ့အတွက် နေ့တိုင်း တစ်ချိန်တည်းမှာ မှတ်တမ်းတင်ထားပါ။
● အရည်သောက်သုံးမှု - တူတဲ့ခွက်နဲ့ သောက်ခိုင်းခြင်းဖြင့် မှတ်ရလွယ်စေပါတယ်။
● ဆီးထွက်မှု - ခွက်တစ်ခွက်ထဲကို ဆီးသွားစေပြီးတော့ တစ်ကြိမ် ဘယ်လောက်သွားတယ်ဆိုတာကို တိုင်းထားပါ။
7. ရောဂါလက္ခဏာ ပိုဆိုးလာပါက ဆေးရုံ ချက်ချင်း သွားပြပါ။ အောက်ပါလက္ခဏာတွေ ပြရင်တော့ ဆေးရုံ ချက်ချင်းသွားပါ။
● ကိုယ်ပူကြီးခြင်း
● ဗိုက် ပြင်းထန်စွာအောင့်ခြင်း
● ဆက်တိုက်အန်ခြင်း
● ခြေဖျား၊ လက်ဖျားများ အေးပြီး ချွေးစေးများထွက်ခြင်း
● နုံးခွေနေခြင်း
● စိတ်ရှုပ်ခြင်း
● ဆီး ပုံမှန်မသွားခြင်း
● သွေးထွက်ခြင်း (မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ နှာခေါင်း သွေးယိုခြင်း၊ မျက်လုံး၊ သွားဖုံးတို့မှ သွေးထွက်ခြင်း၊ အရေပြားပေါ်တွင်အနီစက်၊ အကွက်များ ထွက်ခြင်း)
● အသက်ရှူရ ခက်ခဲခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
7. ရောဂါလက်ခဏာ ပိုဆိုးလာပါက ဆေးရုံ ခကြျခငြျး သှားပွပါ။ အောကျပါလက်ခဏာတှေ ပွရငျတော့ ဆေးရုံ ခကြျခငြျးသှားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















