/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အချိန်ကြာကြာ-အလုပ်လုပ်လွန်းရင်-နှလုံးတုန်၊-ရင်ခုန်-အဖြစ်များလာသတဲ့

အချိန်ကြာကြာ အလုပ်လုပ်လွန်းရင် နှလုံးတုန်၊ ရင်ခုန် အဖြစ်များလာသတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချိန်ပြည့် နာရီပေါင်းများစွာ အလုပ်လုပ်တဲ့အခါ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါနဲ့ တခြားစိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ ဖြစ်ပွားနှုန်းတက်လာတာကို တွေ့ရပါတယ်။

          ဒီထက် ထူးခြားတဲ့တွေ့ရှိချက်ကတော့ တစ်ပတ်ကို ၅၅ နာရီထက် ပိုမိုအလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးလွှတ်ခန်းတွေ ခုန်နှုန်းစည်းချက မမှန်တာကို စောစောခံစားရနိုင်တာကို တွေ့ရှိရပါသတဲ့။

          အလုပ်ချိန် ကြာကြာဖြစ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုဟာ လူတွေကို အဝလွန်ခြင်း သွေးတိုးတွေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ခံစားရစေပါတယ်။

          နောက်တစ်ဆင့် တက်လာတဲ့ နှလုံးသွေးလွှတ်ခန်းတွေ ခုန်နှုန်း မမှန်ကန်တာဟာ စိတ်ဖိစီးမှုကနေ ရရှိလာတဲ့ နှလုံးသွေးကြောကျဉ်းတာကနေ ဆင့်ပွားလာတယ်လို့ပဲ ထင်ကြတာပါ။

          ဒါပေမဲ့ အခုသုတေသနအရ နှလုံးခုန်နှုန်း မမှန်ကန်တာ ရင်တုန်တာဟာ အလုပ်ချိန် တစ်ပတ်ကို ၅၅ နာရီထက် ပိုမိုအလုပ်လုပ်တာနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိထားရပါပြီ။

          ဒီတော့ အလုပ်ချိန်များတာဟာ ဝင်ငွေပိုလာပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတာကို လက်ခံရမှာ ဖြစ်ပါတယ်။

          အလုပ်ကြောင့် စိတ်ရောကိုယ်ပါနွမ်းလျပြီး ဖိစီးတာ ကာလရှည်ကြာလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အသက် ၄၀ ကျော်မှာ နှလုံးခုန်နှုန်း မမှန်တဲ့ရောဂါကို ခံစားရဖို့ သေချာသလောက် ရှိနေပါတယ်။

          ဒီတော့ သင့်တင့်မျှတတဲ့ အလုပ်ချိန်နဲ့ဘဝကို ဖြတ်သန်းခြင်းဖြင့် နှလုံးတုန် ရင်ခုန်ရောဂါကနေ ဝေးဝေးနေကြရအောင်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)