အစာကောင်းကောင်းကြေညက်စေဖို့ ဘာတွေလုပ်ရမလဲ
အသီးအရွက်နဲ့ အရောင်မချွတ်ထားတဲ့ အစေေ့အနှံတွေကို များများစားပေးးပါ။ ဟင်းသီးဟငး်ရွက်နဲ့ အရောင်မချွတ်ထားတဲ့ အစေ့အနှံတွေမှာ အမျှင်ဓာတ်တွေ ပြည့်ဝတာကြောင့် အစာခြေစနစ်တစ်လျောက်ပိုပြီးတော့ ချောချောမွေ့မွေ့ သွားနိုင်တယ်။
အသားနဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို လျော့စားပါ။ အသားတွေဟာ ခြေဖျက်ဖို့ အချိန်ကြာတဲ့အပြင် အစာခြေလမ်းကြောင်းကို ပျက်စီးစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်သေးတယ်။
အူလမ်းကြောင်းအကျိုးပြုဘတ်တီးရီးယားတွေပါတဲ့ အစားအသောက်တွေ ထည့်စားပေးပါ။ ဒီပိုးတွေဟာ အူလမ်းကြောင်းကို ဒုက္ခပေးတတ်တဲ့ ပိုးတွေကို ရှင်းထုတ်ပေးလို့ ဒီပိုးတွေပါတဲ့ ဒိန်ချဉ်၊ တို့ဖူးချဉ်တွေလို အစားအသောက်တွေနဲ့ ဖြည့်စွက်စာတွေကို စားပေးသင့်တယ်။
Kremil-S 1
နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်ခန္ဓာကို လှုပ်ရှားပေးခြင်းဖြင့် အစာခြေလမ်းကြောင်းကိုပါ လှုပ်ရှားစေနိုင်တယ်။ ထမင်းစားပြီးချိန်မှာ လမ်းလေးလျောက်ပေးတာက လေပွတာရင်ပြည့်တာတွေကို သက်သာစေနိုင်တယ်။ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တာကြောင့် ကင်ဆာတစ်ခုျိ့ကိုလည်း ကာကွယ်ပေးနိုင်တယ်။
အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးမဝတဲ့အခါ အဝလွန်စေနိုင်တာကြောင့် အစာခြေစနစ်ကို ဒုက္ခပေးလာနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကိုထိန်းချုပ်ပါ။ စိတ်ဖိစီးမှုများခြင်းက ရင်ပူတာလိုမျိုး ပြဿနာမျိုးကို ပိုဆိုးစေတာကြောင့် စိတ်ဖိစီးမှုနည်းစေတဲ့ တရားထိုင်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်ပေးလို့ရတယ်။
နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင် ဒီအတိုင်းနေရင်းတော့ အစာခြေစနစ်ကို ဂရုစိုက်မိမှာ မဟုတ်ဘူး။ ဒါပေမယ့် လေပွတာ၊ ရင်ပြည့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျောတာတွေ ဖြစ်လာရင်တော့ မအီမသာခံစားရမှာပါ။ ဒါကြောင့် စားတာသောက်တာကို သတိထားဖို့၊ လှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးတယ်နော်။ ဒါမှ အစာခြေစနစ်ကောင်းကောင်း အလုပ်လုပ်နိုင်ပြီး လောကကြီးမှာ နေပျော်လာမှာပါနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Kremil-S 2
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)















