အစာအိမ်အနာမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ
အစာအိမ်အနာဖြစ်စေတဲ့ H. pylori ဆိုတဲ့ ရောဂါပိုးဘယ်လိုကူးစက်လဲဆိုတာနဲ့ ဒီရောဂါပိုးကူးစက် မခံရဘဲ အစာအိမ်အနာဘာကြောင့်ဖြစ်ရလဲဆိုတဲ့အချက်ကို ဘယ်သူမှသေချာမသိသေးတဲ့အတွက် ကာကွယ်ဖို့ခက်ပါတယ်။ သုတေသီတွေက ကာကွယ်ဆေးထုတ်လုပ်နိုင်ကြဖို့ ကြိုးစားနေကြပါတယ်။
အစာအိမ်အနာမဖြစ်အောင်ကာကွယ်နည်းနဲ့ ဖြစ်လာရင် အနာကျက်မြန်စေတဲ့နည်းလမ်းအချို့ကတော့ -
1. အစာအိမ်ကိုထိခိုက်စေတဲ့ အစားအစာတွေကိုရှောင်ပါ
ပြောရရင်တော့ စားလိုက်လို့ အစာက အစာအိမ်ကို ထိခိုက်တယ်ထင်ရင် အဲဒါကို မစားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်တော့မတူပါဘူး။ အပူအစပ်စာတွေ၊ အက်စစ်ပါတဲ့အစာတွေနဲ့ အဆီများတဲ့အစာတွေကတော့ အစာအိမ်ထိခိုက်စေတဲ့အစားအစာတွေပဲဖြစ်ပါတယ်။
2. ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေက မသောက်သူတွေထက် အစာအိမ်နဲ့ အူမှာအနာဖြစ်နိုင်ချေပိုများပါတယ်။
3. အရက်အတော်အသင့်ပဲသောက်ပါ
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အစာအိမ်အနာဖြစ်စေတဲ့အတွက် တတ်နိုင်သမျှအနည်းဆုံးသောက်ပါ။
- အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တဲ့အတွက် အစာစားပြီးမှသောက်ပါ။
4. စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ တရားထိုင်ခြင်းစတဲ့နည်းလမ်းတွေက အထောက်အကူဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe















