အစာ ခဏခဏ စားမိနေသလား?
စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ၊ သောကတွေဟာ လူကို မကြာခဏ ဗိုက်ဆာလာစေပြီး သက်သာရာအနေနဲ့ ခဏခဏ စားမိစေပါတယ်။ ပိန်ချင်ပေမယ့် အကြောင်းပြချက်မျိူးစုံနဲ့ စားမိနေတော့ စားလေ ... ဝလေ ... ဘုတ်အဲ ဖြစ်လေပါပဲနော်။
>> ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
● စားချင်စိတ်ပေါ်လာရင် ဝါသနာပါရာလေးတစ်ခု ကောက်လုပ်လိုက်ပါ။ လမ်းလျှောက်မလား၊ ပန်းပင် ရေလောင်းမလား၊ စာဖတ်မလား။
● သူငယ်ချင်းဆီ ဖုန်းကောက်ဆက်ပါ၊ လေပေါနေရင်း စားချင်တာ မေ့သွားတတ်လေမလားလို့။
● စားချင်လာတိုင်း 10 မိနစ် စဉ်းစားပါ။ ငါ ဒါကို ဝါးလိုက်တာ ငါ ပိန်ချင်နေတာနဲ့ အဆင်ပြေပါ့မလားပေါ့။ ကိုယ့်ကိုယ်ကို ချုပ်တီးတဲ့အကျင့် လုပ်ပါ။
● ဗိုက်ဆာလာတယ် ထင်တိုင်း ရေတစ်ခွက် အဝသောက်ပါ။
● ဘေးမှာ အသီး ပန်းသီး၊ သစ်တော်၊ ဖရဲ၊ သခွား စိတ်ပြီး ဘူးလေးနဲ့ ချထားပါ။ စားချင်စိတ် ပေါ်လာရင် ကောက်ဝါးလိုက်လို့ရအောင်။
● ဘယ်လိုမှ မချုပ်တီးနိုင်တော့ရင် သိပ်စိတ်ဆင်းရဲ ခံမနေပါနဲ့။ စားသာ စားလိုက်ပါ။ ဘဝတိုတိုလေးမှာ ပိန်ဖို့ထက် စိတ်ချမ်းသာဖို့ အဓိကပါပဲလေ။
● စိတ်ညစ်လေ စားလေဆိုရင်တော့ စိတ်ညစ်တာ ဖိစီးတာပြေဖို့အရေး ရင်ဖွင့်ရာ အမြန်ဆုံး ရှာပါတော့လို့။ စိတ်ညစ်ရတာနဲ့ မကာမိအောင် ဝလာတာကျတော့ သိပ်မတန်ဘူး မဟုတ်ပါလား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















