အဆစ်အမြစ်ရောင်ရောဂါဆိုတာ ...
>> အဆစ်အမြစ်ရောင်ရောဂါရဲ့ လက္ခဏာတွေကတော့ -
● အဆစ် နာကျင်ကိုက်ခဲခြင်း
တွေ့ရအများဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရောဂါအမျိုးအစားနဲ့ အခြေအနေပေါ် မူတည်ပြီး နာကျင်မှု အနည်းအများလည်း ကွာပါတယ်။ အများအားဖြင့် ပြောတတ်ကြတာကတော့ နာကျင်ကိုက်ခဲမှုဟာ လှုပ်ရှားလိုက်ရင် ဆိုးလာပြီး နားလိုက်ရင် သက်သာသွားတယ် ဆိုတာပါပဲ။
● အဆစ်ရောင်ခြင်း
အကြောင်းအမျိုးကြောင့် ရောင်တတ်ပေမယ့် အဆစ်အမြစ်ရောင်ရောဂါကြောင့်ဖြစ်တာဟာ အများဆုံးပါပဲ။ နောက်တစ်ခုက ဒဏ်ရာရထားရင်လည်း ရောင်တတ်ပါတယ်။ ဒါကြောင့် ထိခိုက်ထားတာလည်းမရှိဘဲ ရောင်နေပြီဆိုရင်တော့ ရောဂါကြောင့် အဖြစ်နိုင်ဆုံးပါပဲ။
● အဆစ်တွေ တောင့်တင်းနေတတ်တာ
မနက် အိပ်ရာထစနဲ့ တစ်နေရာတည်းမှာ အကြာကြီး ထိုင်ပြီးစ အချိန်တွေမှာ အဆိုးဆုံးပါပဲ။ နောက်ပိုင်းလှုပ်ရှားရင်းနဲ့ သက်သာလာပါတယ်။
● အဆစ်တွေ ပုံပျက်လာတာ
အရိုးနုလေးကို တဖြည်းဖြည်း ထိခိုက်လာတာကြောင့် ပုံပျက်လာတာပါ။ လက်ချောင်းတွေ ကွေးကောက်လာတာ၊ ဒူးတွေ ကွေးလာတာ မျိုး တွေ့ရတတ်ပါတယ်။
● အရိုးတွေ တစ်ခုနဲ့တစ်ခု ထိခိုက်မိတာ
အရိုး တစ်ခုနဲ့တစ်ခု ကြားထဲမှာရှိတဲ့ အဆစ်လေးတွေ၊ အရိုးနုလေးတွေ ပျက်စီးလာတာနဲ့အမျှ လှုပ်ရှားလိုက်တိုင်း အရိုးတစ်ခုနဲ့တစ်ခု ပွတိတိုက်မိတဲ့ ခံစားချက်မျိုး၊ အသံကြားရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Alaxan IA (1)
● အဆစ်ဘေးမှာ အလုံးအကျိတ်တွေ ပေါ်လာတာ
အဆစ်အမြစ်ရောင်ရောဂါကြောင့် အရည်အိတ်တွေ ၊ အရိုးအတက် ထွက်တာလေးတွေ ဖြစ်စေပါတယ်။ ထိလိုက်ရင် ဘာခံစားချက်မှမရပေမယ့် မြင်နေရတတ်ပါတယ်။
● အဆစ်အမြစ်တွေ အထိမခံနိုင်ခြင်း
အဆစ်တွေဘေးကို ထိကြည့်လိုက်တာနဲ့ နာလာတဲ့အပြင် ရောင်ရမ်းတာပါ ရှိနေပြီဆိုရင်တော့ ရောဂါရှိနေတာ သေချာသလောက်ရှိပါတယ်။
● အဆစ်တွေ ပူနွေး နီရဲနေခြင်း
ရောင်ရမ်းရင် ဒီလိုလက္ခဏာတွေ ပေါ်လာပါတယ်။
>> အဆစ်အမြစ်ရောင်ရောဂါ ရှိနေပြီဆိုရင်
1. နေ့တိုင်း အရိုးအဆစ်တွေကို ဖြေလျော့ပေးတာမျိုး၊ လှုပ်ရှားပေးတာမျိုး လုပ်ပါ။
2. ထိုင်တာ၊ ရပ်တာ၊ လှုပ်ရှားတာကို ပုံစံမှန်မှန် လုပ်ပါ။
3. ကိုယ်အလေးချိန်ကို ထိန်းပါ။ အဝလွန်တာဟာ နာကျင်မှုကို ပိုဆိုးစေပါတယ်။
4. ဆေးလိပ်သောက်ခြင်းကလည်း ပိုနာစေပါတယ်။
5. လေ့ကျင့်ခန်းလုပ်ပါ။ အရိုးအဆစ်တွေကို ဒဏ်မဖြစ်စေဘဲ ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။ ပြေးတာ၊ ခုန်တာ၊ တင်းနစ်ရိုက်တာမျိုးတွေကို ရှောင်ပါ။
Dr. Htar (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
>> အဆစ္အျမစ္ေရာင္ေရာဂါရဲ႕ လကၡဏာေတြကေတာ့ -
● အဆစ္ နာက်င္ကိုက္ခဲျခင္း
ေတြ႕ရအမ်ားဆုံး လကၡဏာတစ္ခု ျဖစ္ပါတယ္။ ေရာဂါအမ်ိဳးအစားနဲ႔ အေျခအေနေပၚ မူတည္ၿပီး နာက်င္မႈ အနည္းအမ်ားလည္း ကြာပါတယ္။ အမ်ားအားျဖင့္ ေျပာတတ္ၾကတာကေတာ့ နာက်င္ကိုက္ခဲမႈဟာ လႈပ္ရွားလိုက္ရင္ ဆိုးလာၿပီး နားလိုက္ရင္ သက္သာသြားတယ္ ဆိုတာပါပဲ။
● အဆစ္ေရာင္ျခင္း
အေၾကာင္းအမ်ိဳးေၾကာင့္ ေရာင္တတ္ေပမယ့္ အဆစ္အျမစ္ေရာင္ေရာဂါေၾကာင့္ျဖစ္တာဟာ အမ်ားဆုံးပါပဲ။ ေနာက္တစ္ခုက ဒဏ္ရာရထားရင္လည္း ေရာင္တတ္ပါတယ္။ ဒါေၾကာင့္ ထိခိုက္ထားတာလည္းမရွိဘဲ ေရာင္ေနၿပီဆိုရင္ေတာ့ ေရာဂါေၾကာင့္ အျဖစ္ႏိုင္ဆုံးပါပဲ။
● အဆစ္ေတြ ေတာင့္တင္းေနတတ္တာ
မနက္ အိပ္ရာထစနဲ႔ တစ္ေနရာတည္းမွာ အၾကာႀကီး ထိုင္ၿပီးစ အခ်ိန္ေတြမွာ အဆိုးဆုံးပါပဲ။ ေနာက္ပိုင္းလႈပ္ရွားရင္းနဲ႔ သက္သာလာပါတယ္။
● အဆစ္ေတြ ပုံပ်က္လာတာ
အ႐ိုးႏုေလးကို တျဖည္းျဖည္း ထိခိုက္လာတာေၾကာင့္ ပုံပ်က္လာတာပါ။ လက္ေခ်ာင္းေတြ ေကြးေကာက္လာတာ၊ ဒူးေတြ ေကြးလာတာ မ်ိဳး ေတြ႕ရတတ္ပါတယ္။
● အ႐ိုးေတြ တစ္ခုနဲ႔တစ္ခု ထိခိုက္မိတာ
အ႐ိုး တစ္ခုနဲ႔တစ္ခု ၾကားထဲမွာရွိတဲ့ အဆစ္ေလးေတြ၊ အ႐ိုးႏုေလးေတြ ပ်က္စီးလာတာနဲ႔အမွ် လႈပ္ရွားလိုက္တိုင္း အ႐ိုးတစ္ခုနဲ႔တစ္ခု ပြတိတိုက္မိတဲ့ ခံစားခ်က္မ်ိဳး၊ အသံၾကားရတာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။
● အဆစ္ေဘးမွာ အလုံးအက်ိတ္ေတြ ေပၚလာတာ
အဆစ္အျမစ္ေရာင္ေရာဂါေၾကာင့္ အရည္အိတ္ေတြ ၊ အ႐ိုးအတက္ ထြက္တာေလးေတြ ျဖစ္ေစပါတယ္။ ထိလိုက္ရင္ ဘာခံစားခ်က္မွမရေပမယ့္ ျမင္ေနရတတ္ပါတယ္။
● အဆစ္အျမစ္ေတြ အထိမခံႏိုင္ျခင္း
အဆစ္ေတြေဘးကို ထိၾကည့္လိုက္တာနဲ႔ နာလာတဲ့အျပင္ ေရာင္ရမ္းတာပါ ရွိေနၿပီဆိုရင္ေတာ့ ေရာဂါရွိေနတာ ေသခ်ာသေလာက္ရွိပါတယ္။
● အဆစ္ေတြ ပူေႏြး နီရဲေနျခင္း
ေရာင္ရမ္းရင္ ဒီလိုလကၡဏာေတြ ေပၚလာပါတယ္။
>> အဆစ္အျမစ္ေရာင္ေရာဂါ ရွိေနၿပီဆိုရင္
1. ေန႔တိုင္း အ႐ိုးအဆစ္ေတြကို ေျဖေလ်ာ့ေပးတာမ်ိဳး၊ လႈပ္ရွားေပးတာမ်ိဳး လုပ္ပါ။
2. ထိုင္တာ၊ ရပ္တာ၊ လႈပ္ရွားတာကို ပုံစံမွန္မွန္ လုပ္ပါ။
3. ကိုယ္အေလးခ်ိန္ကို ထိန္းပါ။ အဝလြန္တာဟာ နာက်င္မႈကို ပိုဆိုးေစပါတယ္။
4. ေဆးလိပ္ေသာက္ျခင္းကလည္း ပိုနာေစပါတယ္။
5. ေလ့က်င့္ခန္းလုပ္ပါ။ အ႐ိုးအဆစ္ေတြကို ဒဏ္မျဖစ္ေစဘဲ ႂကြက္သားေတြကို သန္မာေစတဲ့ ေလ့က်င့္ခန္းေတြ လုပ္ပါ။ ေျပးတာ၊ ခုန္တာ၊ တင္းနစ္႐ိုက္တာမ်ိဳးေတြကို ေရွာင္ပါ။
Dr. Htar (www.drmyanmar.com)















