/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆီပိုတွေကို-အလွယ်ကူဆုံးနည်းနဲ့-ချကြည့်မယ်

အဆီပိုတွေကို အလွယ်ကူဆုံးနည်းနဲ့ ချကြည့်မယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အလွန်အကျွံ အငတ်ခံပြီး အစားရှောင်တာတွေ၊ လေ့ကျင့်ခန်း ခန်းမတွေ တပင်တပန်းသွားပြီး အကြာကြီး နေ့စဉ် ကစားတာတွေကို မေ့လိုက်ပါတော့။ တကယ်ထိရာက်တဲ့နည်းတွေကို ပြောပြချင်လို့ပါ။
●       တစ်ပတ်ကို သုံးရက်ပဲဆို အဆီကောင်းကောင်းကျဖို့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုပါတဲ့ "Cardio" လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေကို မိနစ် 30 ကြာ ထည့်သွင်းဆော့ကစားပါ။
●       တစ်ခါလုပ်ရင် 45 မိနစ်ထက် မပိုပါနဲ့။ နာရီပေါင်းများစွာ ကစားတာ ရှောင်ပါ။
●       တနင်္လာ     - ခြေထောက်နဲ့ ပခုံးသား
         အင်္ဂါ - နား
         ဗုဒ္ဓဟူး - နောက်ကျောနဲ့ လက်မောင်း၊ ဗိုက်သား
         ကြာသပတေး - နား
         သောကြာ - ရင်သားနဲ့ လက်မောင်း၊ ဗိုက်သား
         စနေ/တနင်္ဂနွေ - နား
         ကြွက်သားအုပ်စုတစ်ခုစီအတွက် အထူးလေ့ကျင့်ခန်း သုံးလေးမျိုးခန့် ထည့်သွင်းကစားပါ။
         တစ်ရက်ကို ခြောက်နပ်စားကြည့်ပါလို့ အကြံပေးရင် လန့်သွားမလား။ ဟုတ်ပါတယ်။ အနည်းဆုံးခြောက်ခါ စားသင့်ပါတယ်။ ဘာတွေစားမလဲ။ ပရိုတင်း အသားဓာတ်နဲ့ အသီးအရွက် အပြုတ်အပေါင်းတွေ အဓိကထားစားသုံးပါ။ လေ့ကျင့်ခန်းလည်း လုပ်ရင်း အသားလည်းတိုးစေမှ ကြွက်သားတက်နှုန်း မြန်ဆန်မှာပါ။ လေ့ကျင့်ခန်း လုပ်ပြီးခါစမှာတော့ ဆီရှောင်ပြီး အသားနဲ့ အရွက်တွေ တိုးစားပါ။

>>    နမူနာလေး ပြထားတယ်။ ဖတ်ပြီး ပြင်ဆင်စားကြည့်ပါနော်။
●       မနက်အစောစာ - ကွေကာအုတ်        
●       မနက် (၁၀) နာရီ - နွားနို့၊ ကြက်ဥအကာ        
●       နေ့လယ်စာ - ထမင်း (ပန်းကန်လုံးတစ်ဝက်) + ဟင်း၊ အသီးတစ်မျိုးမျိုး
●       နေ့လယ် (၃) နာရီ - ပန်းသီး / လိမ္မော်/ ဖရဲ (အသီးဖျော်ရည်တစ်မျိုးမျိုး)
●       ညစာ - ကန်စွန်းဥ/ ငါး/ မှို/ မုန်လာဥနီ/ အသုပ်
●       အိပ်ရာမဝင်ခင် - အသီးတစ်စိတ်ခန့်

Dr. Mya Phoo Ngon (www.drmyanmar.com)