အဆီပိုတွေကို အလွယ်ကူဆုံးနည်းနဲ့ ချကြည့်မယ်
အလွန်အကျွံ အငတ်ခံပြီး အစားရှောင်တာတွေ၊ လေ့ကျင့်ခန်း ခန်းမတွေ တပင်တပန်းသွားပြီး အကြာကြီး နေ့စဉ် ကစားတာတွေကို မေ့လိုက်ပါတော့။ တကယ်ထိရာက်တဲ့နည်းတွေကို ပြောပြချင်လို့ပါ။
● တစ်ပတ်ကို သုံးရက်ပဲဆို အဆီကောင်းကောင်းကျဖို့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုပါတဲ့ "Cardio" လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေကို မိနစ် 30 ကြာ ထည့်သွင်းဆော့ကစားပါ။
● တစ်ခါလုပ်ရင် 45 မိနစ်ထက် မပိုပါနဲ့။ နာရီပေါင်းများစွာ ကစားတာ ရှောင်ပါ။
● တနင်္လာ - ခြေထောက်နဲ့ ပခုံးသား
အင်္ဂါ - နား
ဗုဒ္ဓဟူး - နောက်ကျောနဲ့ လက်မောင်း၊ ဗိုက်သား
ကြာသပတေး - နား
သောကြာ - ရင်သားနဲ့ လက်မောင်း၊ ဗိုက်သား
စနေ/တနင်္ဂနွေ - နား
ကြွက်သားအုပ်စုတစ်ခုစီအတွက် အထူးလေ့ကျင့်ခန်း သုံးလေးမျိုးခန့် ထည့်သွင်းကစားပါ။
တစ်ရက်ကို ခြောက်နပ်စားကြည့်ပါလို့ အကြံပေးရင် လန့်သွားမလား။ ဟုတ်ပါတယ်။ အနည်းဆုံးခြောက်ခါ စားသင့်ပါတယ်။ ဘာတွေစားမလဲ။ ပရိုတင်း အသားဓာတ်နဲ့ အသီးအရွက် အပြုတ်အပေါင်းတွေ အဓိကထားစားသုံးပါ။ လေ့ကျင့်ခန်းလည်း လုပ်ရင်း အသားလည်းတိုးစေမှ ကြွက်သားတက်နှုန်း မြန်ဆန်မှာပါ။ လေ့ကျင့်ခန်း လုပ်ပြီးခါစမှာတော့ ဆီရှောင်ပြီး အသားနဲ့ အရွက်တွေ တိုးစားပါ။
>> နမူနာလေး ပြထားတယ်။ ဖတ်ပြီး ပြင်ဆင်စားကြည့်ပါနော်။
● မနက်အစောစာ - ကွေကာအုတ်
● မနက် (၁၀) နာရီ - နွားနို့၊ ကြက်ဥအကာ
● နေ့လယ်စာ - ထမင်း (ပန်းကန်လုံးတစ်ဝက်) + ဟင်း၊ အသီးတစ်မျိုးမျိုး
● နေ့လယ် (၃) နာရီ - ပန်းသီး / လိမ္မော်/ ဖရဲ (အသီးဖျော်ရည်တစ်မျိုးမျိုး)
● ညစာ - ကန်စွန်းဥ/ ငါး/ မှို/ မုန်လာဥနီ/ အသုပ်
● အိပ်ရာမဝင်ခင် - အသီးတစ်စိတ်ခန့်
Dr. Mya Phoo Ngon (www.drmyanmar.com)






























