/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အနာဂတ်တွေလှပလာတော့မယ့်-mahendra

အနာဂတ်တွေလှပလာတော့မယ့် Mahendra

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အိန္ဒိယနိုင်ငံမှ 13 နှစ်အရွယ် Mahendra Ahirwar ဆိုသူ ကလေးငယ်ဟာ Congenital myopathy (မွေးရာပါ ကြွက်သားအားနည်းတဲ့ရောဂါ)ကို ခံစားနေရပြီး Liverpool မြို့မှ Julie Jane နှင့် တွေ့ပြီးနောက် သူ့ရဲ့ဘ၀တစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။

          ရှားပါးတဲ့ အခြေအနေတခုကို 12 နှစ်ကျော်ကြာအောင် ခံစားခဲ့ရတဲ့ Mehendra ဟာ လည်ပင်း ကြွက်သားတွေက ထောင်မတ်နိုင်ခြင်းမရှိဘဲ ပျော့ခွေနေပြီး ဦးခေါင်းက အောက်ကိုလုံး၀ စိုက်ကျနေတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် အခြားသူတွေအပေါ်မှာ မှီခိုကာ ပင်ပန်းဆင်းရဲစွာ အသက်ရှင်သန်ခဲ့ရပါတယ်။ မိဘတွေက ဆရာ၀န်တွေ နဲ့ ပြသခဲ့ပေမယ့် သူ့အခြေအနေကို ဘယ်သူကမကူညီနိုင်ခဲ့ပါဘူး။

          ကလေးငယ်ရဲ့ကြေကွဲဖွယ် ဒုက္ခကို သိလိုက်ရတဲ့ လီဗာပူးမြို့မှ Julie Jone ဆိုသူ ကလေးနှစ်ယောက်မိခင်က Mahendra ရဲ့ ဆေးကုသမှုအတွက် ရန်ပုံငွေကောက်ခံတဲ့  အကောင့်တခုကို ဖွင့်လှစ်ခဲ့ရာ 28 ရက်အကြာမှာ ယူရိုငွေ 12,000 ကောက်ခံရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့အလှူငွေရဲ့ Mahendra ဟာ Dehli မှာရှိတဲ့ Apollo ဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ခွဲစိတ်မှု ကို ကျောမကြီးဆိုင်ရာ ခွဲစိတ်ဆရာ၀န် Dr Rajagopalan Krishnan က ပြုလုပ်ပေးခဲ့ပြီး ခွဲစိတ်ချိန်က 10 နာရီခန့်ကြာမြင့်ခဲ့ ပါတယ်။ Dr Krishnan ဦးဆောင်တဲ့အဖွဲ့ဟာ လည်ပင်းမှ ချပ်ပြား(Disks) တွေကိုဖယ်ရှားပြီး တင်ပဆုံမှ အရိုးနှင့် အစားထိုးကာ သတ္တုပြားများနှင့် ထိန်းညှိပြီး လည်ပင်းထောင်နိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

          ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ Mahendra ဟာ အခုဆိုရင် စာရေးခြင်း၊ တီဗီကြည့်ခြင်းသာမက သူငယ်ချင်းတွေနဲ့ပါ ကစားနေနိုင်ပါပြီ။ လည်ပင်းကော်လံကို ခြောက်လခန့် တပ်ထားရမှာဖြစ်ပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အရင်တုန်းက ကျန်းမာရေးကောင်းမွန်ဖို့ အတွက် မျှော်လင့်ချက်မရှိခဲ့ပေမယ့် အခုအခါမှာ အိပ်မက်တွေအမှန်ဖြစ်မြောက်လာပြီး ဘ၀မှာအောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်လို့ Mahendra က ဆိုပါတယ်။

          လည်ပင်းရှိ အရိုးတွေပေါင်းစပ်သွားပြီးနောက်မှာ လည်ပင်းရဲ့ ခိုင်ခံ့မှုပေါ်မူတည်ပြီး လိုအပ်ပါက ခွဲစိတ်မှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ Dr Krishna က ဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com