အပြင်ကပြန်လာတာနဲ့ ရေခဲရေသောက်နေကြတုန်းလား?
အလုပ်က ပြန်လာ၊ အပြင်က ပြန်လာပြီဆိုရင် မောမော ရေဆာဆာနဲ့ ရေခဲသေတ္တာကိုဖွင့်ပြီး ရေအေးအေးလေးကို သောက်ချလိုက်ရမှ အာသာပြေတာပါ။ အဲ ... ဒါပေမဲ့လည်း ရေခဲရေက အစာခြေလမ်းကြောင်းအတွက် မကောင်းပါဘူးတဲ့။ ရေအေးလေလေ နောက်ဆက်တွဲဖြစ်စဉ်တွေက ပိုဆိုးလေလေပါပဲ။
ဘယ်လောက်ပဲပူနေပါစေ ရေခဲရေ မသောက်သင့်ပါဘူးတဲ့။ ဘာကြောင့် ရေခဲရေ မသောက်သင့်လဲဆိုတာကို ဖတ်ကြည့်ကြရအောင်။
1. ရေခဲရေက အစာခြေတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အေးတဲ့အရည်တွေက သွေးကြောတွေကို ကျုံ့ပြီးတော့ အစာခြေတာကို ကန့်သတ်လိုက်ရုံသာမကဘဲ အစာခြေနေစဉ်မှာ အာဟာရဓာတ်တွေ စုပ်ယူမှုကိုလည်း ဟန့်တားပါတယ်။
2. ရေခဲရေက လည်ချောင်း နာစေပါတယ်။ အထူးသဖြင့် အစာစားပြီးချိန်မှာ ရေခဲရေ သောက်ရင် အသက်ရှူလမ်းကြောင်းထဲမှာ အချွဲတွေ ပိုထပြီးတော့ ကာကွယ်ပေးနိုင်ပေမယ့်လည်း အသက်ရှူလမ်းကြောင်း ပိတ်နေတဲ့အချိန်မှာတော့ ဒီအချွဲတွေကြောင့် ရောဂါပိုးဝင်နိုင်ချေ ပိုများစေပါတယ်။
3. အဆီချေဖျက်မှုကို ဟန့်တားတယ်။ အစာ စားပြီး ရေခဲရေသောက်ရင် ရေအေးကြောင့် အစာထဲမှာပါတဲ့ အဆီတွေကို ခဲပြီးတော့ ချေဖျက်ရာမှာ ဟန့်တားမှု ဖြစ်စေပါတယ်။ ဒါကြောင့် အစာစားပြီး နာရီဝက်လောက်ကြာမှ ရေသောက်ပါ။
4. နှလုံးခုန်နှုန်း နှေးစေတယ်။
5. လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းမှာလည်း ရေခဲရေ မသောက်သင့်ပါဘူး။ အားကစားလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေပြီးတော့ ဒီအချိန်မှာ ရေအေးသောက်လိုက်ရင် အပူအအေး သဟဇာတ မဖြစ်တော့ပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ကလည်း ရေအေးကို မစုပ်ယူနိုင်တော့ အသုံးမဝင်ပါဘူးတဲ့။ တချို့လူတွေမှာဆိုရင် လေ့ကျင့်ခန်းလုပ်ပြီး ရေခဲရေသောက်ရင် ဗိုက်အောင့်တတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းမှာဆိုရင် ရေနွေးနွေးလေး သောက်သင့်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒါတွေကြောင့် ရေမသောက်ရဘူးလို့ မဆိုလိုဘူးနော်။ ရေခဲရေကို မသောက်ဘဲနဲ့ ရိုးရိုးရေ (သို့) ရေနွေးလေးကို သောက်ပေးတာက ရေဓာတ် ပြည့်ဝပြီးတော့ အစာခြေတာကို ကောင်းစေရုံသာမကဘဲ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















