အရက်စွဲခြင်း
အရက်စွဲခြင်းဆိုတာ အရက်ကို ကိုယ်ခန္ဓာကရော စိတ်ကပါ စွဲလမ်းတောင့်တနေတဲ့ စိတ်ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
>> ၁၂ လအတွင်း အောက်ပါအချက်များထဲမှ ၃ ချက်ရှိနေပါက အရက်စွဲနေပြီဆိုတာကို သိနိုင်ပါတယ်။
● ဘယ်လောက်သောက်သောက် မမူးတော့ခြင်း
● အရက်မသောက်လျှင် ယင်းထခြင်း
● သောက်နေကျထက် ပိုပိုသောက်မိခြင်း
● အရက်ဖြတ်ချင်စိတ်ရှိခြင်း၊ ဖြတ်ရန်ကြိုးစားခြင်း
● တစ်နေ့တာရဲ့ အချိန်အတော်များများမှာ အရက်သောက်ပြီး မူးနေခြင်းနဲ့ အမူးပြေချိန် ဝေဒနာခံစားရခြင်းတို့ဖြင့် ကုန်ဆုံးနေခြင်း
● အရက်ကြောင့် စီးပွားရေး၊ လူမှုရေးနဲ့ ဖျော်ဖြေရေးတို့မှာ အခွင့်အလမ်းဆုံးရှုံးခြင်း
● အရက်ရဲ့ဆိုးကျိုးများကို သိလျက်နဲ့ မဖြတ်နိုင်ခြင်း
>> အရက်စွဲလမ်းခြင်း၏ ဆိုးကျိုးများ
● ညအိပ်မပျော်ခြင်း
● စိတ်ဓာတ်ကျခြင်း
● မေ့မေ့လျော့လျော့ဖြစ်ခြင်း
● သတ်သေလိုစိတ်ဖြစ်ပေါ်ခြင်း
● သွေးပေါင်တက်ခြင်း
● အမျိုးသားများမှာ အင်္ဂါထောင်မတ်နိုင်စွမ်း လျော့နည်းခြင်း
● အစာအိမ်နဲ့ အူလမ်းကြောင်းမှ သွေးထွက်ခြင်း
● အမျိုးသမီးများမှာ ဓမ္မတာမမှန်ခြင်း
● အသည်း၊ အစာပြွန်နဲ့ အူကင်ဆာများဖြစ်နိုင်ခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)
















