/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျိုးခြင်းနှင့်-အဆစ်လွဲခြင်းအတွက်-သိထားသင့်သည့်အချက်-၆-ချက်

အရိုးကျိုးခြင်းနှင့် အဆစ်လွဲခြင်းအတွက် သိထားသင့်သည့်အချက် (၆) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)  ဒဏ်ရာရပြီးပြီးချင်းမှာ မိနစ် (၂၀) ခန့် ရေခဲကပ်ပေးခြင်းက နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေပါတယ်။
(၂)  ခြေကျင်းဝတ်နဲ့ ခြေကျင်းဝတ်အောက်ပိုင်း ဒဏ်ရာရပြီး ပုံမှန်လမ်းမလျှောက်နိုင်တော့လျှင် ဆရာဝန်နဲ့ ပြသပါ။ လတ်တလော နာကျင်မှုမရှိဘူးဆိုရင်တော့ အရေးပေါ်အခြေအနေမဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။
(၃)  အဆစ်လွဲခြင်းက အရိုးကျိုးဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ကလေးတွေမှာ ဖြစ်ခဲ့ပါက အရိုးကြီးထွားရာဖြစ်သည့် အရိုးအရင်းပိုင်းထိခိုက်ပြီး ကြီးထွားဖို့ ခက်ခဲသွားပါလိမ့်မယ်။

Alaxan IA (1)

(၄)  အဆစ်လွဲခြင်းဆိုတာ အရိုးနှစ်ခုကို တွယ်ဆက်ထားတဲ့အရွတ်များကို ထိခိုက်မိခြင်းကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ်။ သေချာစွာ အနားယူပြီး ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေကို နည်းလမ်းမှန်မှန်နဲ့ လုပ်ပေးရင် ပြန်ကောင်းနိုင်ပါတယ်။
(၅)  နည်းလမ်းမှန်ကန်တဲ့ လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှုတွေက အရိုးကျိုးခြင်းနဲ့ အဆစ်လွဲခြင်းကို ကာကွယ်ပေးပါတယ်။
(၆)  ခြေထောက်ကို အသုံးပြုပြီး လှုပ်ရှားရတဲ့ အားကစားတွေမှာ (ဥပမာ - စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း) ခြေကျင်းဝတ်ကို ထိန်းထားပေးတဲ့ခြေစွပ်ကို သုံးပေးပါ။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)

Alaxan IA (2)

(Zawgyi)

(၁)  ဒဏ္ရာရၿပီးၿပီးခ်င္းမွာ မိနစ္ (၂၀) ခန႔္ ေရခဲကပ္ေပးျခင္းက နာက်င္မႈနဲ႔ ေရာင္ရမ္းမႈကို သက္သာေစပါတယ္။
(၂)  ေျခက်င္းဝတ္နဲ႔ ေျခက်င္းဝတ္ေအာက္ပိုင္း ဒဏ္ရာရၿပီး ပုံမွန္လမ္းမေလွ်ာက္ႏိုင္ေတာ့လွ်င္ ဆရာဝန္နဲ႔ ျပသပါ။ လတ္တေလာ နာက်င္မႈမရွိဘူးဆိုရင္ေတာ့ အေရးေပၚအေျခအေနမဟုတ္ဘူးလို႔ သတ္မွတ္ႏိုင္ပါတယ္။
(၃)  အဆစ္လြဲျခင္းက အ႐ိုးက်ိဳးဖို႔ အခြင့္အလမ္း ပိုမ်ားေစပါတယ္။ ကေလးေတြမွာ ျဖစ္ခဲ့ပါက အ႐ိုးႀကီးထြားရာျဖစ္သည့္ အ႐ိုးအရင္းပိုင္းထိခိုက္ၿပီး ႀကီးထြားဖို႔ ခက္ခဲသြားပါလိမ့္မယ္။
(၄)  အဆစ္လြဲျခင္းဆိုတာ အ႐ိုးႏွစ္ခုကို တြယ္ဆက္ထားတဲ့အရြတ္မ်ားကို ထိခိုက္မိျခင္းေၾကာင့္ ျဖစ္ရျခင္း ျဖစ္ပါတယ္။ ေသခ်ာစြာ အနားယူၿပီး ျပန္လည္သန္စြမ္းေရးေလ့က်င့္ခန္းေတြကို နည္းလမ္းမွန္မွန္နဲ႔ လုပ္ေပးရင္ ျပန္ေကာင္းႏိုင္ပါတယ္။
(၅)  နည္းလမ္းမွန္ကန္တဲ့ ေလ့က်င့္ခန္းနဲ႔ စားေသာက္ေနထိုင္မႈေတြက အ႐ိုးက်ိဳးျခင္းနဲ႔ အဆစ္လြဲျခင္းကို ကာကြယ္ေပးပါတယ္။
(၆)  ေျခေထာက္ကို အသုံးျပဳၿပီး လႈပ္ရွားရတဲ့ အားကစားေတြမွာ (ဥပမာ - စကိတ္စီးျခင္း၊ ႏွင္းေလွ်ာစီးျခင္း) ေျခက်င္းဝတ္ကို ထိန္းထားေပးတဲ့ေျခစြပ္ကို သုံးေပးပါ။

ေဒါက္တာေနလြင္ထူး (www.drmyanmar.com)