/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိုမိုကျန်းမာသောအသည်းကိုရရှိဖို့-ကျန်းမာရေးနဲ့အညီ-စားသောက်ကြစို့

ပိုမိုကျန်းမာသောအသည်းကိုရရှိဖို့ ကျန်းမာရေးနဲ့အညီ စားသောက်ကြစို့...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အသည်းဟာ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ကျန်းမာစွာလုပ်နိုင်၊ မလုပ်နိုင်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်ပေါ်မှာလည်း မူတည်နေပါသေးတယ်။ တကယ်လို့ သင်ဟာ အသည်းရောဂါရှိသူဆိုရင်တော့ ကျန်းမာရေးနဲ့အညီစားသောက်ဖို့က ပိုပြီးလိုအပ်လာပါပြီ။ ဒါဆို အသည်းကျန်းမာရေးအတွက် ဘယ်လိုစားသောက်ပေးသင့်သလဲ။  ယေဘုယျကျတဲ့ စားသောက်ပုံနည်းပုံစံတွေကို လေ့လာကြည့်ကြစို့နော်။

Liveril IA 1

ရှောင်ကြဥ်သင့်သော အစားအသောက်များ - အဆီများ၊ အချိုများ၊ အငန်များလွန်းတဲ့ အစားအသောက်တွေကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ အမြန်ရအစားအသောက် (fast food) အပါအဝင် ဆီကြော်စာတွေနဲ့ ဝေးနိုင်သမျှဝေးဝေးနေတာ အကောင်းဆုံးပါပဲ။ ပင်လယ်စာတွေကို အစိမ်းစားတာ၊ ဒါမှမဟုတ် မကျက်တကျက်စားတာကိုတော့ လုံးဝ (လုံးဝ) ကို ရှောင်ကြည်သင့်ပါတယ်နော်။

အရက်သောက်တတ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ - အသည်းကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး အရက်ဖြတ်ဖို့ လိုကိုလိုအပ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အရက်သောက်တတ်သူဆိုရင် ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

အာဟာရမျှတစွာ စားသောက်ပါ - နေ့စဥ်စားမယ့်ထဲမှာ အစေ့အဆံ၊ အသီးအနှံ၊  ဟင်းသီးဟင်းရွက်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ ပါဝင်အောင် ရွေးချယ်စားသောက်ပေးပါ။

Liveril IA 2

အမျှင်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ - အမျှင်ဓာတ်ဟာ အသည်းကို ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန် ကူညီပေးပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပေါင်မုန့်ညို၊ ဆန်လုံးညိုနဲ့ စီရီယယ် စတာတွေကို များများစားပေးသင့်ပါတယ်။

ရေများများသောက်ပါ - ရေဓာတ်မခန်းခြောက်စေရန် ကာကွယ်ပေးတဲ့အပြင် အသည်းအနေနဲ့ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင်လည်း ကူညီပေးပါတယ်။

ဖော်ပြခဲ့တဲ့နည်းလမ်းတွေဟာဆိုရင် ခဲရာခဲဆစ်မဟုတ်ဘဲ လူတိုင်းလိုက်နာနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်မယ်လို့ ထင်မိပါတယ်။ ဒါကြောင့် မိမိတို့ရဲ့အသည်း ပိုမိုကျန်းမာစေဖို့ ဒီနေ့ကစပြီး လုပ်ဆောင်ကြည့်လိုက်ရအောင်နော်။

www.drmyanmar.com