/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးမြန်မြန်-ပြန်ဆက်စေဖို့

အရိုးမြန်မြန် ပြန်ဆက်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရိုးအဆစ်​ပြဿနာနဲ့ပတ်​သတ်​ပြီး လတ်​တ​လော မေးထားတဲ့​မေးခွန်​း​​လေးတစ်​ခုကို ​ဖြေ​ပေးပါမယ်​​နော်​။ အ​မေဖြစ်​သူရဲ့ အရိုးကျိုးပြီးပြန်​ဆက်​တဲ့အ​ကြောင်​းကို သမီးဖြစ်​သူ​က​မေးမြန်​းတာပါ။

“ကျွန်​မအ​မေဟာ အသက်​၉၀ရှိပါပြီ။ လွန်​ခဲ့တဲ့နိုဝင်​ဘာလတုန်​းက ခါးနာတယ်​လို့​ပြောတယ်​။ ဆရာဝန်​နဲ့သွားပြ​တယ်​။ နာတာက တစ်​ဖြည်​းဖြည်​းနဲ့ ပိုပိုဆိုးလာတယ်​။ နမိုးနီးယားအဆုတ်​​ရောင်​​ရောဂါအတွက်​ ဓာတ်​မှန်​ရိုက်​​တော့မှ ​ကျောရိုးဆစ်​၁၁​နေရာမှာ ကျိုး​နေတာကို ​တွေ့ရတယ်​။ အရိုးကျိုး​လောက်​​အောင် ​ချော်​လည်​းမလဲ၊ ဘာမှလည်​းမဖြစ်​​၊ အရင်​ကလည်​းမကျိုးဖူး​တော့ အံ့သြမိတယ်​။

ဆရာဝန်က အနာကျက်​ဖို့ ၂လနဲ့အထက်​လိုတယ်​လို့ ​ပြောတယ်​။ ခုထိ​တော့ နာကျင်​​နေပြီး အိပ်​ရာထဲပဲလဲ​နေတယ်​။ တစ်​ခါတစ်​​လေ​လောက်​မှပဲ သိပ်​မနာဘဲ ထထိုင်​နိုင်​တယ်​။”  ဒီအသက်အရွယ်မှာ အရိုးပြန်ဆက်ပါ့မလား၊ အရိုးမြန်မြန်ပြန်ဆက်အောင် ဘာတွေလုပ်ပေးသင့်ပါသလဲ

အသက်​ကြီးသူအမျိုးသမီး​တွေမှာ အရိုးကျိုးခြင်​းဟာ ​ကြောက်​ရတဲ့ပြဿနာတစ်​ခုပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ မလွှဲမရှောင်သာ အရိုးကျိုးပြီဆိုရင်တော့

** အရိုးပြန်​ဆက်​ချိန်​မြန်​​အောင်​လုပ်​နိုင်​မယ်​့ ၆ချက်​ **

 

• ဗီတာမင်​အစုံနဲ့သတ္တုဓာတ်​​တွေပြည့်​ဝ​အောင်​ ​သောက်​​ပေးပါ။

အရိုးအ​လေးချိန်​ရဲ့၇၀%​လောက်​ဟာ သတ္တုဓာတ်​​တွေနဲ့ ဖွဲ့စည်​းထားတယ်​။ အထူးသဖြင်​့ ဇင်​့၊ ​ကော်​ပါး၊ ကယ်​လ်​ဆီယမ်​၊ ​ဖော့စ်​ဖရတ်​စ်​၊ ဆီလီကွန်​​တွေ အဓိကပါတယ်​။ အသက်​ကြီးသူအမျိုးသမီး​တွေမှာဆိုရင်​ အရိုးပြန်​ဆက်​ဖို့အချိန်​ကြာတတ်​တာမို့ အရိုးအာဟာရဓာတ်​အမျိုး၂၀လုံး ဖြည်​့တင်​း​ပေးထားဖို့လိုတယ်​။

 

• ပရိုတင်​းအသားဓာတ်​များများစားပါ။

စား​သောက်​တဲ့အထဲမှာ ပရိုတင်​းအသားဓာတ်​ ၂၀ဂရမ်​​လောက်​ ပိုထည်​့စား​ပေးခြင်​းဖြင်​့ အရိုးကျိုးခြင်​းရဲ့ ​နောက်​ဆက်​တွဲ​တွေကို​လျော့ချ​ပေးခြင်​း၊ အရိုးဆက်​ချိန်​ကို မြန်​​စေခြင်​း၊ အရိုးကျိုးတဲ့​နေရာမှာ ​နောက်​ထပ်​အရိုးဆုံးရှုံးမှုမဖြစ်​​စေခြင်​း စတဲ့အကျိုး​တွေ ရရှိနိုင်​တယ်​။ အသက်​ကြီးလာတာနဲ့အမျှ သိပ်​​ပြီး​တော့ မစားနိုင်​​တော့တာမို့ ပရိုတင်​း​ပေါင်​ဒါမှုန်​့ရှိတ်​​သောက်​ပေးပါ။

 

• ရောင်​ရမ်​းတာ​တွေကို သဘာဝအတိုင်​း ကျ​စေတယ်​။

​ရောင်​ရမ်​းတာ​တွေ၊ နာကျင်​တာ​တွေ ကျ​စေဖို့ အက်​စပရင်​တို့ အိုင်​ဗျူ ပရိုဖန်​စတဲ့ အကိုက်​အခဲ​ပျောက်​​ဆေး​တွေမ​သောက်​ဘဲ ​ရေထဲ​ပျော်​ဝင်​နိုင်​တဲ့ quercetin dehydrate တစ်​​နေ့၂-၃ဂရမ်​​လောက်​ကို ဗီတာမင်​စီ​လေးနဲ့ ​ရော​သောက်​​ပေးပါ။

 

• သွေးလှည်​့ပတ်​မှု​ကောင်​း​အောင်​လုပ်​ပါ။

​သွေးလှည်​့ပတ်​မှု​ကောင်​းပြီး ကျိုးထားတဲ့​နေရာကို အာဟာရဓာတ်​ပြည့်​ဝတဲ့​သွေး​တွေ​ရောက်​လာတာက အရိုးပြန်​ဆက်​နှုန်​းမြန်​​စေတယ်​။ ဖြစ်​နိုင်​ရင်​ ပြန်​လည်​သန်​စွမ်​း​ရေးဆရာဝန်​နဲ့ တိုင်​ပင်​ပြီး အ​ကောင်​းဆုံး​လေ့ကျင်​့ခန်​းကို ​ရွေးချယ်​ပါ။ ​လေ့ကျင်​့ခန်​းမလုပ်​နိုင်​တဲ့ သက်​ကြီးရွယ်​အို အမျိုးသမီး​တွေဆိုရင်​​တေ့ာ ဖြည်​းဖြည်​း​လေးနှိပ်နယ်​​ပေးတာက ​ကောင်​းတယ်​။ နှမ်​းဆီ​နွေး​နွေး​လေးနဲ့ နှိပ်​နယ်​​ပေးတာကလည်း အနာကျက်​တာမြန်​​စေတယ်​။

• အယ်​ကာလိုင်​းအစားအ​သောက်​စားပါ။

အသီးအရွက်​နဲ့ ဟင်​းဥ​ကို ဟင်​းချိုပဲလုပ်​​သောက်​​သောက်​၊ ဟင်​းပဲချက်​စားစား အစာ​ကြေလွယ်​တယ်​။ အသားတို့၊ ပဲတို့ထည်​့ချက်​ခြငး်​ဖြင်​့လည်​း အသားပရိုတင်​းဓာတ်​ကို ရ​စေနိုင်​ပါတယ်​။

 

• စိတ်​ဓာတ်​ခွန်​အားမြှင်​့တင်​ပါ။

အနာကျက်​မြန်​​စေဖို့ စိတ်​ဝင်​စားဖို့​ကောင်​းပြီး စိတ်​အားတက်​ကြွစရာ ရုပ်​ရှင်​၊ မဂ္ဂဇင်​း၊ တရားစာအုပ်​၊ အ​ခွေ​တွေနဲ့ သူငယ်​ချင်​းအ​ပေါင်​းအသင်​း​တွေ​ ​ဘေးမှာရှိပါ​စေ။ စိတ်ဓာတ်ခွန်အားဟာ ဘယ်ရောဂါအတွက်မဆို အဓိက လိုအပ်တဲ့ အရာပါ။

အာ​း​ပေးချင်​တာတစ်​ခုက ဘယ်​အသက်​အရွယ်​မှာမဆို ကိုယ်​ခန္ဓာကို ​ကောင်​း​ကောင်​း​ထောက်​ပံ့​ပေးထားမယ်​ဆိုရင်​ အနာကျက်​မြန်ပြီး အရိုးမြန်​မြန်​ဆက်​ပါလိမ်​့မယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)





 


 



 



 



 



 



 




 

Dr. Mya Phoo Ngon (www.drmyanmar.com)