/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရေပြားကင်ဆာ

အရေပြားကင်ဆာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    အဓိကအချက်များ

1.       အရေပြားကင်ဆာသည် မျက်နှာ (သို့) လည်ပင်းတွင် ဖြူဖျော့သော/နီရဲသော/ပုလဲရောင် အဖုချောချောလေး ထွက်လာတတ်ပါတယ်။

2.       အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပေမယ့်လည်း အသက် 40 အစောပိုင်း (သို့) အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။

3.       ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး ခန္ဓကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားတာ ရှားပါတယ်။

 

>>    အရေပြားကင်ဆာ ဖြစ်စေသော အကြောင်းအရင်းများ

          နေ့စဉ် နေရောင်ခြည်နှင့် ထိတွေ့မှုနှင့် တစ်ခါတစ်ရံမှ ထိတွေ့သော်လည်း ထိတွေ့မှုများခြင်းကြောင့် နေလောင်ခြင်းများက အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိကထိခိုက်ပျက်စီးမှုတွေပဲ ဖြစ်ပါတယ်။ ဒီအကျိုးဆက်အနေနဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှု အများဆုံးဖြစ်တဲ့ မျက်နှာ၊ နားရွက်၊ လည်ပင်း၊ ဦးရေပြားနဲ့ နောက်ကျောတွေမှာ ကင်ဆာဖြစ်တာ များပါတယ်။

          နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့နေရာတွေမှာ အရေပြားကင်ဆာဖြစ်တာ ရှားပါတယ်။ တချို့မှာတော့ အပူလောင်ခြင်း၊ အမာရွတ်၊ ရောဂါပိုး ဝင်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ တက်တူးထိုးခြင်းစတဲ့ အရာတွေကြောင့် ထိခိုက်ဒဏ်ရာဖြစ်ရင်လည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။ ကျန်တာကတော့ ဖြစ်ရတဲ့ အေကြောင်းအရင်းကို အလွယ်တကူ သိနိုင်ဖို့ မလွယ်ပါဘူး။

 

>>    အရေပြားကင်ဆာ ဖြစ်နိုင်ခြေ အများဆုံးသောသူများ

          အရေပြားကင်ဆာ ဖြစ်နို်င်ခြေ အများဆုံးသောသူတွေကတော့ -

●        အသားအရေ ဖြူဖျော့ပြီး နေလောင်မှု အလွယ်တကူ ဖြစ်နိုင်သူများ

●        အမိုးအကာပြင်ပတွင် အလုပ်လုပ်ရသူများ၊ နေပူသော ရာသီဥတုရှိရာ နေရာများတွင် နေထိုင်သူများ

●        နေရောင်အောက်တွင် အိပ်ခြင်း၊ နေလောင်ခံခြင်း ပြုသူများ

●        အရင်က အရေပြားကင်ဆာ ဖြစ်ဖူးသူများ

 

>>    ကုထုံးများ

●        အသားစယူခြင်း (သို့) ခွဲစိတ်ခြင်းပြုလုပ်ပြီး ကင်ဆာကို ဖယ်ရှားခြင်း

●        နိုင်ထရိုဂျင်အရေဖြင့် အေးခဲစေခြင်း

●        လိမ်းဆေးများ

●        အလင်းပြကုထုံး (photodynamic therapy)

●        ဓာတ်ရောင်ခြည်ကုထုံး

 

>>    မိမိကိုယ်ကို ဂရုစိုက်ခြင်း

          အရေပြားကင်ဆာ အများစုက ကုသပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာရောဂါ အသစ်ဖြစ်ခြင်း (သို့) ရောဂါအဟောင်း ထခြင်းတွေ ဖြစ်နိုင်ခြေများပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေဖို့အတွက် -

●        အရေပြားအထူးကုဆရာဝန် ရက်ချိန်းအတိုင်း ပုံမှန်ပြပါ။

●        ကိုယ့်ရဲ့အရေပြားကို ခေါင်းအစခြေအဆုံး ကိုယ့်ဟာကိုယ် ပုံမှန်စစ်ဆေးပါ။ တစ်ခုခုက ပိုကြီးလာနေတာ၊ သွေးထွက်နေတာ၊ ပြောင်းလဲနေတာရှိရင် ဆရာဝန်နဲ့ သေချာသွားပြပါ။

●        အသားအရေကို နေနဲ့ ထိတွေ့ခြင်း၊ အိိမ်တွင်း နေပူခံခြင်းတွေကို ရှောင်ကြဉ်ပါ။ ဒါတွေက အခြားအရေပြားကင်ဆာ ဖြစ်နိုင်ခြေကို များစေတဲ့ ထပ်မံထိခိုက်ဒဏ်ရာရခြင်းတွေကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

 

>>    အရေပြားကို ကာကွယ်နိုင်မည့် နည်းလမ်းများ

●        SPF 30 နှင့်အထက် ပါဝင်သော နေကာခရင်မ်နှင့် နှုတ်ခမ်းခရင်မ်များကို နေ့စဉ်လိမ်းပါ။

●        UVA/UVB တို့ကို ကာကွယ်နိုင်ပြီး ရေစိုခံသော နေကာခရင်မ်ကို အသုံးပြုပါ။

●        နေကာခရင်မ်နှင့် နှုတ်ခမ်းခရင်မ်များကို အပြင်မထွက်မီီ 15 မိနစ်အလိုမှာ ခြောက်သွေ့သော အသားအရေပေါ်တွင် ကြိုလိမ်းထားပါ။

●        နေကာခရင်မ်ကို အဝတ်အစားနှင့် မဖုံးအုပ်ထားသော နေရာတိုင်းကို လိမ်းပေးပါ။

●        ဖြစ်နိုင်ရင် ဘေးအပြန့်ကြီးကြီးပါသော ဦးထုပ်ဆောင်းပါ။ လက်ရှည်နှင့် ဘောင်းဘီရှည် ဝတ်ဆင်ပါ။

●        မျက််လံုံးပတ်လည်က အရေပြားကို ကာကွယ်နိုင်ဖို့အတွက် နေကာမျက်မှန်တပ်ပါ။

●        နေအပြင်းဆုံးအချိန်ဖြစ်သော မနက် 10 နာရီမှ ညနေ 4 နာရီအတွင်း အပြင်ထွက်ပြီး လုပ်ရသောအလုပ်များကို တတ်နိုင်သမျှ ရှောင်ပါ။

●        အိမ်တွင်း နေလောင်ခံခြင်းများ ဘယ်တော့မှ မလုပ်ပါနဲ့။

Dr. Mya Myo Myo Swe (www.drmyanmar.com)