/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရှိန်မြင့်လာတဲ့-ကိုဗစ်

အရှိန်မြင့်လာတဲ့ ကိုဗစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ဟာ မြန်မာပြည်မှာ တစ်ကျော့ပြန် ပြန်ဖြစ်လာတာနဲ့အမျှ ပိုးတွေ့လူနာတွေ အရမ်းများပြားလာကို တွေ့ရပါတယ်။ ဒီရောဂါပိုး ကိုယ့်ကို မကူးစက်အောင်၊ ကိုယ်ကနေ သူများကို ဖြန့်ဖြူးသလို မဖြစ်အောင် ဂရုစိုက်ရမယ့်၊ သိထားရမယ့် အကြောင်းအရာတွေ ရှိပါတယ်။
ကိုယ်တွေသိထားတဲ့ ကိုဗစ်အကြောင်းအရာတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။
ဟုတ်ပါတယ်။ အခုမှ အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်ဖြစ်တာမို့ ဆေးပညာရှင်၊ သုတေသနပညာရှင်တွေလည်း လေ့လာနေဆဲပဲ ရှိပါသေးတယ်။ တစ်နေရာနဲ့ တစ်နေရာ ကူးစက်မှုနှုန်း၊ ဖြစ်ပွားနှုန်းတွေ မတူသလို ရောဂါရဲ့ပြင်းထန်မှုနှုန်းတွေကလည်း မတူညီကြပါဘူး။

Bio Adult 1

ဒါကြောင့် နိုင်ငံအလိုက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို သေချာလိုက်နာပေးကြဖို့ လိုပါတယ်။
1.  မကူးစက်အောင် ကာကွယ်ဖို့က အရေးကြီးဆုံးပါ။
လက်ကို ရေနဲ့ ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ဆေးပါ။ ပြီးရင် တစ်ရှူး၊ ပဝါနဲ့ ခြောက်သွေ့အောင် သုတ်ပါ။ ဆပ်ပြာမရှိရင် အယ်ကိုဟော ၆၀% ပါတဲ့ လက်ဆေးရည်နဲ့ ဆေးပါ။
2.  နှာခေါင်း၊ မျက်စိနဲ့ ပါးစပ်ကို လက်နဲ့ ကိုယ်တွယ်ခြင်း မပြုပါနဲ့။ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်ပြီး အဖုံးပါတဲ့အမှိုက်ခြင်းထဲ ထည့်ပါ။
3.  တံခါးလက်ကိုင်၊ မီးခလုတ်၊ ဖုန်း၊ စားပွဲ၊ ကွန်ပျူတာ စတာတွေကို ပိုးသတ်ပါ။
4.  အိမ်အလည်သွားတာ၊ အပြင်ထွက်တာတွေ ရှောင်ပါ။ မဖြစ်မနေတွေ့ရမယ်ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ နေရာ၊ ကျယ်ဝန်းတဲ့နေရာတွေမှာ တွေ့ပါ။
5.  အပြင်ထွက်တိုင်း mask တပ်ပါ။

Bio Adult 2

>>  နေမကောင်းဘူးလို့ ခံစားရရင် ဒါတွေလုပ်ပါ။
ကိုဗစ်ရဲ့လက္ခဏာတွေဟာ ပိုးကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ ပေါ်လာနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ -
1.  ချမ်းပြီး ဖျားမယ်။
2.  ချောင်းဆိုးမယ်။
3.  မောမယ်။
4.  ပင်ပန်းနွမ်းနယ်မယ်။
5.  ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်။
6.  ခေါင်းကိုက်မယ်၊ အနံ့ အရသာ မရတော့တာတွေ ဖြစ်မယ်။
7.  လည်ချောင်းနာမယ်။
8.  နှာစေးမယ်။
9.  ပျို့အန်မယ်။
10.  ဝမ်းလျှောမယ်။
တခြားလက္ခဏာတွေလည်း ရှိပါသေးတယ်။

ဒီလက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဖျားနာကုသဆေးခန်းကို တန်းသွားရပါမယ်။ တချို့လူတွေအဖို့ သာမန်ဖျားနာရုံလောက်နဲ့ ပြီးသွားပေမယ့် တချို့တွေအဖို့ အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။
ကိုယ်ဖတ်နေတဲ့သတင်းတွေဟာ မှန်ကန်တဲ့၊ ယုံကြည်ရတဲ့နေရာတွေက ဖြစ်ပါစေ။
သတင်းမှားတွေကို သတိထားရပါမယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းတွေကိုပဲ အဓိကထားပြီး ဖတ်ပါ။ ယုံကြည်ပါ။

Dr. Htar (www.drmyanmar.com)