/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းစွမ်းဆောင်ရည်မြင့်တက်စေဖို့အတွက်-နည်းလမ်း-၄သွယ်

အသည်းစွမ်းဆောင်ရည်မြင့်တက်စေဖို့အတွက် နည်းလမ်း (၄)သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျန်းမာတဲ့အသည်းက စွမ်းအင်တွေကိုတိုးတက်စေပြီး ကြည်လင်တဲ့အသားအရည်နဲ့ စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်ရင် အသည်းကိုထိခိုက်စေတယ်ဆိုတာကို လူတိုင်းလိုလိုသိထားကြပေမယ့် အသည်းကိုကျန်းမာစေဖို့ဘာတွေလုပ်သင့်တယ်ဆိုတာကို သိပ်ပြီးမသိကြပါဘူး။ အသည်းကျန်းမာရေးကို ကောင်းမွန်စေမယ့် နည်းလမ်း ၄ မျိုးကို ဖော်ပြပေးချင်ပါတယ်။

1. စားသောက်မှုပုံစံကိုပြောင်းလဲလိုက်ပါ။

အရက်လိုပဲ သကြားနဲ့ အဆီတွေပါဝင်တဲ့ ရောင်ရမ်းခြင်းတွေဖြစ်စေနိုင်တဲ့အစားအစာတွေ များများစားရင်လည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အသည်းစွမ်းဆောင်ရည်ပိုကောင်းပြီး ပျက်စီးခြင်းကိုကာကွယ်နိုင်ဖို့အတွက် အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့အသီးတွေ များများစားပေးပါ။ ကဖင်းနဲ့ အရက်ပါဝင်တဲ့အရာတွေ၊ သကြားပါဝင်တဲ့အချိုရည်တွေနဲ့ မုန့်တွေ၊ သန့်စင်ထားတဲ့စေ့အဆန်တွေက ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့အတွက် ဒါတွေစားသုံးမှုကိုကန့်သတ်ပါ (သို့) ရှောင်ကြဉ်ပါ။ ဘယ်ရီသီးတွေက ဆဲလ်တွေကိုရှင်သန်စေပြီး သွေးလှည့်ပတ်မှုကိုကောင်းမွန်စေကာ ခန္ဓာကိုယ်တစ်ခုလုံကို အားအင်တွေပြည့်ဝစေပါတယ်။

2. မီးဖိုချောင်ကနေစတင်ပြီးပြောင်းလဲပါ။

ကျန်းမာတဲ့အသည်းဖြစ်ဖို့အတွက် ပထမဆုံးအဆင့်ကတော့ စားသုံးနေတဲ့အစားအစာတွေထဲမှာ မှန်ကန်တဲ့ပါဝင်ပစ္စည်းတွေကို ရွေးချယ်ဖို့ပါ။။ အသားတွေကို အလွန်အမင်းချက်ပြုတ်ခြင်းမပြုပါနဲ့။ ဖြေးဖြေးနဲ့ နည်းနည်းကျင့်ပါ။ ဆိုလိုတာက အသားတွေကိုချက်တဲ့အခါမှာ အပူချိန်နည်းနည်းနဲ့ ဖြေးဖြေးချင်းချက်ပြုတ်ခြင်းအားဖြင့် အသည်းကို အဆိပ်ဖြစ်စေတဲ့ ဘေးထွက်ပစ္စည်းဖြစ်တာကို ရှောင်ရှားနိုင်ပါတယ်။ မီးပြင်းပြင်းနဲ့ကင်လို့ တူးခြစ်ခြင်းတွေနဲ့ ဓာတုပစ္စည်းတွေနဲ့လုပ်ထားတဲ့ အကြော်အိုးတွေထဲမှာ ထည့်ပြီးကြော်ခြင်းကလည်း အန္တရာယ်ဖြစ်စေတဲ့ဘေးထွက်ပစ္စည်းတွေဖြစ်စေပြီး အသည်းကို အလုပ်များများလုပ်စေကာ အသည်းပျက်စီးစေပါတယ်။

Livolin Forte 1

3. စိတ်ဖိစီးမှုတွေကို သေချာစီမံပါ။

နာတာရှည်စိတ်ဖိစီးမှုတွေက အင်ဒိုခရိုင်းစနစ်၊ မျိုးပွားမှု၊ အစာချေနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းတွေဖြစ်စေကာ အသည်းကိုဆိုးကျိုးတွေဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေပြေပျောက်အောင် သေချာကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် ရောင်ရမ်းခြင်းကိုသက်သာစေပြီး အသည်းပျက်စီးမှုဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။

4. လေ့ကျင့်ခန်းလုပ်ပါ။

နှလုံးညှစ်အားကောင်းစေပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်းဖြင့် အသည်းလုပ်ငန်းတွေကိုပိုကောင်းစေကာ ဦးနှောက်၊ ကိုယ်တွင်းအင်္ဂါ၊ အရွတ်နဲ့ အဆစ်တွေဆီသွားတဲ့ သွေးကိုသန့်စင်စေပါတယ်။ ဒီလိုသွေးလှည့်ပတ်မှုကောင်းမွန်ခြင်းကနေပြီး ခန္ခာကိုယ်စနစ်တွေကို ကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။

အသည်းလုပ်ငန်းတွေကို ကောင်းမွန်စေနိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေကတော့ ရောင်ရမ်းခြင်းကိုတိုက်ဖျက်နိုင်တဲ့ အစားအစာတွေ များများစားခြင်း၊ အစားအစာများကို နည်းစနစ်မှန်ကန်စွာပြင်ဆင်ချက်ပြုတ်ခြင်း၊ စိတ်ဖိစီးမှုတွေကိုကောင်းကောင်းစီမံခြင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ဖြစ်ကြပါတယ်။ အသည်းကျန်းမာရေးပိုကောင်းပြီး အသားအရေကြည်လင်ကာ စွမ်းအင်ပြည့်ဝစေဖို့အတွက် အထက်ပါနည်းလမ်းလေးတွေကိုလိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Livolin Forte 2

(Unicode)











Dr. Mya Myo Myo Swe (www.drmyanmar.com)