အအေးမိလျှင် မပေါ့ဆပါနဲ့။
အခုလို မိုးတွင်းကာလဆိုတာ ဗိုင်းရပ်စ်ပိုးတွေ ပြန့်နှံ့နေတဲ့ကာလဖြစ်လို့ အအေးမိ၊ နှာစေးတာတွေလည်း မကြာခဏ ဖြစ်လွယ်ကြပါတယ်။ ယေဘုယျအားဖြင့်တော့ အအေးမိတာဟာ စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ လူအများစုဟာ ချောင်းဆိုးတာ၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာလောက်ပဲဖြစ်ပြီး တစ်ပတ်လောက်နေရင် သက်သာသွားတတ်ကြပါတယ်။
Decolgen IA 1

ဒါပေမယ့် ကိုယ်ခံအားနည်းသူတွေ၊ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ အအေးမိတာကို မပေါ့ဆသင့်ပါဘူးနော်။ သေချာမကုသဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ -
● အသံအိုးရောင်ခြင်း
● လေပြွန်ရောင်ခြင်း
● အဆုတ်ရောင်ခြင်း
● ဘတ်တီးရီးယားပိုးဝင်ပြီး လည်ချောင်းနာခြင်း
● နားပိုးဝင်ခြင်း
စတာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။
Decolgen IA 2

ဒါကြောင့် အအေးမိတဲ့အခါ
● အရည်နွေးနွေးလေးတွေ များများသောက်ပေးပါ။
● ကောင်းကောင်းအနားယူပါ။
● အအေးမိတုပ်ကွေး ဝေဒနာတွေကို သက်သာစေဖို့အတွက် ကိုယ်ပူကျ နှာစေးပျောက်ဆေးများ မှီဝဲပေးပါ ။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ဖို့လည်း မမေ့ကြပါနဲ့နော်။
















