/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိလျှင်-မပေါ့ဆပါနဲ့။

အအေးမိလျှင် မပေါ့ဆပါနဲ့။

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုလို မိုးတွင်းကာလဆိုတာ ဗိုင်းရပ်စ်ပိုးတွေ ပြန့်နှံ့နေတဲ့ကာလဖြစ်လို့ အအေးမိ၊ နှာစေးတာတွေလည်း မကြာခဏ ဖြစ်လွယ်ကြပါတယ်။ ယေဘုယျအားဖြင့်တော့ အအေးမိတာဟာ စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ လူအများစုဟာ ချောင်းဆိုးတာ၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာလောက်ပဲဖြစ်ပြီး တစ်ပတ်လောက်နေရင် သက်သာသွားတတ်ကြပါတယ်။ 

Decolgen IA 1

ဒါပေမယ့် ကိုယ်ခံအားနည်းသူတွေ၊ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ အအေးမိတာကို မပေါ့ဆသင့်ပါဘူးနော်။ သေချာမကုသဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ -

●    အသံအိုးရောင်ခြင်း

●    လေပြွန်ရောင်ခြင်း

●    အဆုတ်ရောင်ခြင်း

●    ဘတ်တီးရီးယားပိုးဝင်ပြီး လည်ချောင်းနာခြင်း

●    နားပိုးဝင်ခြင်း

စတာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။ 

Decolgen IA 2

ဒါကြောင့် အအေးမိတဲ့အခါ

●    အရည်နွေးနွေးလေးတွေ များများသောက်ပေးပါ။

●    ကောင်းကောင်းအနားယူပါ။

●    အအေးမိတုပ်ကွေး ဝေဒနာတွေကို သက်သာစေဖို့အတွက် ကိုယ်ပူကျ နှာစေးပျောက်ဆေးများ မှီဝဲပေးပါ ။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ဖို့လည်း မမေ့ကြပါနဲ့နော်။

 

www.drmyanmar.com