/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာလူး-အာဟာရများ-နဲ့-အကျိုးကျေးဇူးများ

အာလူး အာဟာရများ နဲ့ အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ အာလူးလေးတွေကို မနှစ်သက်သူဆိုတာ မရှိသလောက်ရှားပါတယ်။ အစား ကြေး (ဂျီး) များလွန်းတဲ့ ကလေးတွေတောင်မှ အာလူးတွေကို နှစ်သက်စွာ စားသုံးလေ့ရှိကြပါတယ်။ အာလူးကို အရသာရှိအောင် အာလူးကြော်၊ အာလူးပြုတ်၊ အာလူးဟင်း စသဖြင့် အမျိုးမျိုး ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အာလူးမှရရှိနိုင်တဲ့ အာဟာရဓာတ်တွေကို ကောင်းစွာ သတိမပြုမိတတ်ကြပါဘူး။ တကယ်တော့ အာလူးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကျန်းမာရေးအတွက်အကျိုးရှိတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

အာလူးစားသုံးခြင်းဖြင့် ဗီတာမင် C ၊ ပိုတက်စီယမ်၊ ဗီတာမင် B6 ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ပရိုတင်း နဲ့ အမျှင်ဓာတ် စတာတွေ စုံလင်စွာရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် အာလူးဟာ အာဟာရဓာတ် သိပ်သည်းတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေ ပါဝင်ပြီး အဆီ၊ ဆိုဒီယမ်နဲ့ ကိုလက်စထရောတွေ ပါဝင်ခြင်းမရှိပါဘူး။

Potatoes IA 1

>>  အာလူးမှရရှိနိုင်တဲ့ အာဟာရဓာတ်တွေအကြောင်းကို အသေးစိတ် ဆက်လက်ဖော်ပြပေးသွားပါမယ်။

●  ဗီတာမင် C နှင့် B6
အာလူးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်ပါတယ်။ အရွယ်အစားအသင့်အတင့်ရှိတဲ့ U.S. အာလူး (148 grams) တစ်လုံးမှာဆိုရင် ဗီတာမင် C 27 mg ပါဝင်ပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီပမာဏ၏ ၃၀% ခန့် ပါဝင်နေပါတယ်။ အာလူးစားခြင်းဖြင့် ဗီတာမင် C ရဲ့ ကောင်းကျိုးတွေဖြစ်တဲ့ ကိုယ်ခံအားကောင်းမွန်ခြင်းနဲ့ အရေပြားမှာ ကော်လဂျင် ဖွဲ့စည်းတည်ဆောက်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဗီတာမင် C ပြီးနောက် အာလူးမှာ ဒုတိယအများဆုံးပါဝင်တဲ့ ဗီတာမင်ကတော့ ဗီတာမင် B6 ပဲ ဖြစ်ပါတယ်။ အာလူး အနေတော်တစ်လုံးမှာ ဗီတာမင် B6 0.2 mg ခန့် ပါဝင်နေပါတယ်။  အာလူးတစ်လုံးစားခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် B6 ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် B6 ဟာ ရေမှာပျော်ဝင်နိုင်ပြီး ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေအတွက်လည်း အရေးပါတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာတွေမှရရှိတဲ့ Amino Acid တွေကို ပရိုတင်းအဖြစ် ဖွဲ့စည်းတည်ဆောက်နိုင်ဖို့အတွက်လည်း ဗီတာမင် B6 က ကူညီပေးပါတယ်။

●  ပိုတက်စီယမ်၊ ပရိုတင်း နဲ့ သံဓာတ်
အာလူးမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အနေတော် အာလူးတစ်လုံး (148 gram) မှာ ပိုတက်စီယမ် 620 mg ပါဝင်ပြီး အာလူးစားသုံးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်မှာဖြစ်ပြီး အနေတော် ငှက်ပျောသီးတစ်လုံးမှာ ပါဝင်သည့် ပိုတက်စီယမ် (442 mg) ထက်လည်း ပိုများပါသည်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေ အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးတဲ့အခါ ချွေးဖြင့် ပိုတက်စီယမ်ဓာတ် ဆုံးရှုံးသွားတဲ့အတွက် အမြင့်ဆုံးလှုပ်ရှားမှုပြုလုပ်ရန်အတွက် ပိုတက်စီယမ် ပြန်လည်ဖြည့်တင်းရန် လိုအပ်ပါသည်။

နောက်ထပ်အနေနဲ့ အာလူးမှာ ပရိုတင်း 3 gram, အမျှင်ဓာတ် 2 gram ပါဝင်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ သံဓာတ် 6% ကိုလည်း ရရှိစေပါတယ်။

●  ကာဗိုဟိုက်ဒရိတ်
အာလူးတစ်လုံးမှာ ကာဗိုဟိုက်ဒရိတ် 26 mg ခန့်ပါဝင်ပါတယ်။ အာလူးတစ်လုံး စားသုံးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏရဲ့ ၉ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အရေးပါတဲ့ အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။ အာလူးများများစားသုံးခြင်းဖြင့် ကာဗိုဟိုက်ဒရိတ်လုံလောက်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။

Potatoes IA 2

ဒါကြောင့် အရသာရှိပြီး အဟာရဓာတ်ပြည့်ဝတဲ့ အာလူးလေးတွေကို နေ့စဉ်အစားအစာတွေထဲမှာ မပါမဖြစ် ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ အာလူးဟာ အရသာကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့အပြင် အာလူးစားသုံးပြီး ကျန်းမာစွာ ကိုယ်အလေးချိန် လျှော့ချနိုင်ပါတယ်။

အာလူးကို လွယ်လွယ်ကူကူနဲ့ အရသာရှိရှိ ချက်ပြုတ်နိုင်မယ့် နည်းလမ်းများစွာရှိတာကြောင့် တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအမျိုးမျိုးချက်ပြုတ်စားသုံးကာ အာဟာရဓာတ်တွေကို ရယူလိုက်ကြရအောင်။
U.S. အေးခဲအာလူးလေးတွေဟာ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းမှုအတွက်လည်း စိတ်ချရပါတယ်။ အခွံခွာထားပြီး လှီးဖြတ်ပြီးသား အာလူးလေးတွေကိုပါ ဝယ်ယူနိုင်တဲ့အတွက် ချက်ပြုတ်တဲ့အခါ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စေပါတယ်။ U.S. အာလူးလေးတွေကို Capital Hypermarket, City Mart, Ocean Supercenter, Marketplace by City Mart, Grand Twin Mart နဲ့ Makro စတဲ့နေရာတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အိတ်ခွံမှာ U.S. origin (Brand: Ligo, Simplot, Mccain) စတဲ့ တံဆိပ်အမှတ်အသားတွေ ပါ၊ မပါ စစ်ဆေးဝယ်ယူသင့်ပါတယ်။

U.S. အာလူးလေးတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ https://potatoesusa-myanmar.com ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

အာလူးချက်ပြုတ်ပုံ Recipes အမျိုးမျိုးအပြင် အာလူးရဲ့ အာဟာရဓာတ်နဲ့ ကောင်းကျိုးတွေကို ပိုမိုလေ့လာနိုင်ဖို့ https://uspotatogoodness.com မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

www.drmyanmar.com