/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အိပ်ချိန်-မမှန်ရင်-ကင်ဆာ-ဖြစ်နိုင်သတဲ့

အိပ်ချိန် မမှန်ရင် ကင်ဆာ ဖြစ်နိုင်သတဲ့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မှန်ကန်ကောင်းမွန်တဲ့ အိပ်စက်ချိန်ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးက လက်ခံထားကြပြီးသားပါ။ ဒီလိုမှန်ကန်တဲ့ ဇီဝနာရီနဲ့ အိပ်ချိန်ကို ဖောက်ပြန်စေတဲ့အလုပ်တွေ၊ ဂျူတီတွေ၊ ညဆိုင်းတွေဟာ မိမိကိုယ်မိမိ တစ်ချိန်ချိန်မှာ ကင်ဆာအပါအဝင် တခြားပြဿနာတွေ ပေးနိုင်နေမှာ လက်သင့်ခံရမှာ ဖြစ်ပါတယ်။

          ဇီဝဗေဒဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ အင်္ဂလန်က သိပ္ပံပညာရှင်တွေဟာ အိပ်ချိန်တွေနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုကို ဖော်ထုတ်လိုက်ပါတယ်။

ကြွက်တွေမှာ တစ်ပတ်ကို ၁၂ နာရီခန့် အိပ်ချိန်နောက်ကျပြီး မမှန်တဲ့အခါ ခန္ဓာကိုယ်မှာ အပြောင်းအလဲနဲ့ ရင်သားအကျိတ်တွေ စောဖြစ်လာပါတယ်။ တကယ်ဆိုရင် အပတ်ငါးဆယ်ကြာမှ ဖြစ်ရမယ်ဆိုပေမယ့် အခုကျတော့ ၈ ပတ်စောပြီး ကင်ဆာကျိတ်တွေ ထလာပါသတဲ့။

          နေ့ဆိုင်း၊ ညဆိုင်းလုပ်သူတွေ လေယာဉ်မယ်တွေဟာ အိပ်ချိန် မမှန်တာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်နေပါတယ်။

          ပညာရှင်တွေကတော့ သင့်မှာ ရင်သားကင်ဆာမျိုးရိုးရှိရင် ညဆိုင်း မလုပ်ပါနဲ့တဲ့။

          နေ့ဆိုင်း၊ ညဆိုင်း လုပ်သူတွေမှာ အိပ်ချိန်တွေကို ကမောက်ကမ ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ပျက်ပြားစေပါသတဲ့။

          အိပ်ရမယ့်အချိန် အတိအကျထားပါ။ အိပ်ချိန် နောက်ကျလွန်းတာ၊ စောသွားတာတွေက ခဏခဏ နိုးစေပါတယ်။

          နေ့ခင်းမှာ ကြာကြာနဲ့ လုံလုံလောက်လောက် အိပ်ပြီးရင်လည်း ညကျ ကောင်းကောင်း မအိပ်တော့ပါဘူး။ နေ့ခင်း အိပ်ချိန်ကို သူ့အချိန်နဲ့သူ အကန့်အသတ်နဲ့ အိပ်ပါစေ။ နေ့လည် ၁၂ နဲ့ ၂ နာရီကြား အိပ်ပါ။

          ပတ်ဝန်းကျင်ကို နေ့အချိန်မှာ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင် ထားခြင်း၊ ညဘက်မှာ မှောင်မှောင်လေးထားခြင်းက အိပ်စက်မှုပုံစံအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။

          ဇီဝနာရီပျက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေ၊ သွေးလည်ပတ်မှုတွေ ကိုယ်တွင်းဇီဝဓာတ်တွေ မူမမှန် ဖြစ်လာတာကနေ ကင်ဆာဖြစ်ဖို့ ကြီးကြီးမားမား တွန်းပို့ပေးနေပါတယ်။

          ဒီတော့ မနက် ၈ - နေ့လယ် ၂၊ နေ့လယ် ၂ - ည ၁၁၊ ည ၁၁ - မနက် ၈ လိုမျိုး အလှည့်ကျ ဂျုတီဆင်းသူတွေ၊ ညဆိုင်းတွေနဲ့ အိပ်ချိန်မမှန်သူတွေဟာ ကင်ဆာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါကြောင်း သတိပြုစေဖို့ ဗဟုသုတ မျှဝေပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)