ဦးခေါင်းအနေအထားမမှန်မကန်ခြင်းသည် ကြွက်သားများနှင့် အာရုံကြောများအပေါ်တွင် ဒဏ်သက်ရောက်မှုဖြစ်စေနိုင်
လက်ကိုင်ဖုန်းများနှင့် အိုင်တီပစ္စည်းများအား ကိုယ်နေဟန်ထား မမှန်ဘဲ ခေါင်းကိုငုံ့လျက် အာရုံစူးစိုက်အသုံးပြုခြင်းကြောင့် လည်ပင်းကြွက်သားများတွင် ဒဏ်ဖြစ်စေပါတယ်။
လည်ပင်းကို တည့်တည့်ထားလျှင် ဦးခေါင်းသည် 10 မှ 12 ပေါင် ကြားလေးပြီး၊ လည်ပင်းကို ရှေ့ဘက်သို့ 15 ဒီဂရီခန့် တိမ်းညွတ် လို်က်ပါက ဦးခေါင်းအလေး ချိန်သည် 27 ပေါင်၊ 30 ဒီဂရီ ငု့ံလိုက်လျှင် ဦးခေါင်း အလေးချိန် 40 ပေါင်၊ 45 ဒီဂရီခန့်ငိုက်လျက်အားယူပါက ဦးခေါင်းသည် 49 ပေါင်လေးကာ 60 ဒီဂရီခန့်အထိ အားစိုက်ငုံ့ကြည့်ရသော အနေအထား တွင် ဦးခေါင်းသည် 60 ပေါင် အလေးချိန်ရှိကြောင်း ဖော်ပြထားပါတယ်။
ဖိအား 10 မှ 12 ပေါင်ကြားသာ လက်ခံနိုင်သော ကြွက်သားများနှင့် အာရုံကြောများပေါ်တွင် ပေါင် 60 ဖိအား သက်ရောက်ခြင်းသည် အဆိုပါကြွက်သားများနှင့် အာရုံကြောများကို ဒဏ်ဖြစ်စေနိုင်ရုံ မျှမက ကျောရိုးအား ယိုယွင်းပျက်စီးစေနိုင်ပြီး ကျောရိုးဆစ်များအကြားရှိ အရိုးနုလွှာလေးများကိုပါ လွဲချော်သွားစေနိုင်ပါတယ်။
လည်ပင်းနှင့် ပခုံးကြားတွင်မြောက်များစွာသော အာရုံကြောများရှိခြင်းကြောင့် ၎င်းနေရာများတွင် ဖိအားလွန်စွာ သက်ရောက်ခြင်း၊ ကြွက်သားတောင့်တင်းစေခြင်းတို့ဖြစ်စေပါက လက်ချောင်းများအထိပါ နာကျင်မှု ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းအား နားနှင့် ပခုံးကြားညှပ်၍ ဖုန်းပြောခြင်း၊ လဲလျောင်းလျက် တံတောင်ဆစ်ထောက်ကာ ဖုန်းပြောခြင်းသည်လည်း လည်ပင်းကြွက်သားများ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုတိုင်း လည်ပင်းကို ရှေ့သို့မငိုက်စေရန် အထူးဂရုပြုသင့်ပါတယ်။















