/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဦးနှောက်အကျိတ်တည်ခြင်းအကြောင်း-သိကောင်းစရာ

ဦးနှောက်အကျိတ်တည်ခြင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ဦးနှောက်အကျိတ်ကို အကြမ်းဖျင်းအနေနဲ့ ကင်ဆာအကျိတ်ရယ်၊ ကင်ဆာမဟုတ်တဲ့ အကျိတ်ရယ်လို့ ခွဲခြားလို့ ရပါတယ်။ နှစ်မျိုးလုံးကတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။  ကုသမှုတွေ၊ ရောဂါ အခြေအနေ ပြင်းထန်မှုတွေကတော့ အကျိတ်ရဲ့ ဦးနှောက်တွင်း တည်နေရာ၊ အရွယ်အစားပေါ် မူတည်ပါတယ်။

>>    အမျိုးအစားတွေက
♦    ဦးနှောက်ကပဲ ဖြစ်တဲ့ အကျိတ်တွေ
    ●    ဦးနှောက်တစ်သျှူး
    ●    ဦးနှောက်ကို အုပ်တားတဲ့ ဦးနှောက်အမြှေးပါး
    ●    ဦးနှောက်က ထွက်တဲ့ နာ့ဗ်ကြော/ အာရုံကြော
    ဦးနှောက်ကလာတဲ့ ပြန်ရည်ကြောအလုံး (glands) တွေက ဖြစ်နိုင်ပါတယ်။ ကင်ဆာကျိတ်ရော၊ ကင်ဆာမဟုတ်တဲ့ အကျိတ်ရော ဖြစ်နိုင်ပါတယ်။
♦    ဦးနှောက်က စတာ မဟုတ်ဘဲ တခြားနေရာကလာတဲ့ အကျိတ်တွေ
    ဒီအမျိုးအစားကတော့ ကင်ဆာကျိတ်တွေ များပါတယ်။ တခြားကင်ဆာတွေကနေ ဦးနှောက်အထိ ပျံ့လာတဲ့ အခြေအနေတွေမှာ တွေ့ရပါတယ်။

    ဦးနှောက်ကို အပျံ့အများဆုံး ကင်ဆာတွေကတော့ -
●    အဆုတ်ကင်ဆာ
●    ရင်သားကင်ဆာ
●    ကျောက်ကပ်ကင်ဆာ
●    အရေပြားကင်ဆာတွေပဲ ဖြစ်ပါတယ်။

>>    ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ?
●    မိသားစုမှာ ဖြစ်ဖူးတဲ့လူတွေ
●    အသက်ကြီးတဲ့လူတွေ
●    အနောက်နိုင်ငံသားတွေ
●    ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတဲ့လူတွေ
●    ဓာတ်ရောင်ခြည်သင့်ဖူးတဲ့လူတွေ

>>    ရောဂါလက္ခဏာတွေ
●    ခေါင်း ရုတ်တရက် ထကိုက်တာ၊ အရင်ကိုက်တဲ့ပုံစံနဲ့ မတူဘဲ ပုံစံပြောင်းတာ
●    ခေါင်ကိုက်တာက ပိုဆိုးပြီး ခဏခဏ ဖြစ်လာတာ
●    မူးဝေ အော့အန်တာ
●    အမြင်အာရုံ ဝေဝါး၊ နှစ်ထပ်မြင်တာ၊ မမြင်ရတော့တာ
●    လက်တစ်ဖက်/ခြေတစ်ဖက် လှုပ်လို့ မရတာ
●    ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တော့တာ
●    စကားမပြောနိုင်တော့တာ၊ စကားပြောတဲ့နေရာမှာ အခက်အခဲရှိတာ
●    နေ့တိုင်းလုပ်နေကျအရာတွေကို မလုပ်တတ်တော့တာ၊ ရှုပ်ထွေးလာတာ
●    တက်တာ
●    နားမကြားတော့တာ၊ အကြားအာရုံ မကောင်းတော့တာ

>>    ဘယ်လိုသိနိုင်မလဲ?
●    ဆရာဝန်က အာရုံကြောနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေ
●    ကြွက်သားစမ်းသပ်မှုတွေ
●    မှတ်ဉာဏ်စစ်ဆေးမှုတွေ
●    အတွက်အချက်နဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မေးပါလိမ့်မယ်

>>    စစ်ဆေးမှုတွေ
●    ခေါင်းကို ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ရိုက်တာ
●    သွေးကြောထဲကို ဆေးသွင်းပြီး ဓာတ်မှန်ရိုက်တာမျိုး
●    ဦးခေါင်းခွံ ဓာတ်မှန်
●    အသားစယူပြီး စစ်ဆေးတာ

>>    ဒီရောဂါနဲ့ ပတ်သက်ပြီး ဒါတွေ သိထားပါ
●    အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
●    ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မသိသေးပါဘူး၊ အကြမ်းဖျင်း မျိုးရိုးနဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုတွေနဲ့ ဆိုင်တယ်လို့တော့ သတ်မှတ်ထားပါတယ်။
●    ဆရာဝန်တွေက ဦးနှောက်မှာရှိတဲ့ cells လေးတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အဆင့် 1, 2, 3, 4 ဆိုပြီးတော့ သတ်မှတ်ကြပါတယ်။

Htar (www.drmyanmar.com)