ဦးနှောက်အကျိတ်တည်ခြင်းအကြောင်း သိကောင်းစရာ
ဦးနှောက်အကျိတ်ကို အကြမ်းဖျင်းအနေနဲ့ ကင်ဆာအကျိတ်ရယ်၊ ကင်ဆာမဟုတ်တဲ့ အကျိတ်ရယ်လို့ ခွဲခြားလို့ ရပါတယ်။ နှစ်မျိုးလုံးကတော့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ကုသမှုတွေ၊ ရောဂါ အခြေအနေ ပြင်းထန်မှုတွေကတော့ အကျိတ်ရဲ့ ဦးနှောက်တွင်း တည်နေရာ၊ အရွယ်အစားပေါ် မူတည်ပါတယ်။
>> အမျိုးအစားတွေက
♦ ဦးနှောက်ကပဲ ဖြစ်တဲ့ အကျိတ်တွေ
● ဦးနှောက်တစ်သျှူး
● ဦးနှောက်ကို အုပ်တားတဲ့ ဦးနှောက်အမြှေးပါး
● ဦးနှောက်က ထွက်တဲ့ နာ့ဗ်ကြော/ အာရုံကြော
ဦးနှောက်ကလာတဲ့ ပြန်ရည်ကြောအလုံး (glands) တွေက ဖြစ်နိုင်ပါတယ်။ ကင်ဆာကျိတ်ရော၊ ကင်ဆာမဟုတ်တဲ့ အကျိတ်ရော ဖြစ်နိုင်ပါတယ်။
♦ ဦးနှောက်က စတာ မဟုတ်ဘဲ တခြားနေရာကလာတဲ့ အကျိတ်တွေ
ဒီအမျိုးအစားကတော့ ကင်ဆာကျိတ်တွေ များပါတယ်။ တခြားကင်ဆာတွေကနေ ဦးနှောက်အထိ ပျံ့လာတဲ့ အခြေအနေတွေမှာ တွေ့ရပါတယ်။
ဦးနှောက်ကို အပျံ့အများဆုံး ကင်ဆာတွေကတော့ -
● အဆုတ်ကင်ဆာ
● ရင်သားကင်ဆာ
● ကျောက်ကပ်ကင်ဆာ
● အရေပြားကင်ဆာတွေပဲ ဖြစ်ပါတယ်။
>> ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ?
● မိသားစုမှာ ဖြစ်ဖူးတဲ့လူတွေ
● အသက်ကြီးတဲ့လူတွေ
● အနောက်နိုင်ငံသားတွေ
● ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတဲ့လူတွေ
● ဓာတ်ရောင်ခြည်သင့်ဖူးတဲ့လူတွေ
>> ရောဂါလက္ခဏာတွေ
● ခေါင်း ရုတ်တရက် ထကိုက်တာ၊ အရင်ကိုက်တဲ့ပုံစံနဲ့ မတူဘဲ ပုံစံပြောင်းတာ
● ခေါင်ကိုက်တာက ပိုဆိုးပြီး ခဏခဏ ဖြစ်လာတာ
● မူးဝေ အော့အန်တာ
● အမြင်အာရုံ ဝေဝါး၊ နှစ်ထပ်မြင်တာ၊ မမြင်ရတော့တာ
● လက်တစ်ဖက်/ခြေတစ်ဖက် လှုပ်လို့ မရတာ
● ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်တော့တာ
● စကားမပြောနိုင်တော့တာ၊ စကားပြောတဲ့နေရာမှာ အခက်အခဲရှိတာ
● နေ့တိုင်းလုပ်နေကျအရာတွေကို မလုပ်တတ်တော့တာ၊ ရှုပ်ထွေးလာတာ
● တက်တာ
● နားမကြားတော့တာ၊ အကြားအာရုံ မကောင်းတော့တာ
>> ဘယ်လိုသိနိုင်မလဲ?
● ဆရာဝန်က အာရုံကြောနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေ
● ကြွက်သားစမ်းသပ်မှုတွေ
● မှတ်ဉာဏ်စစ်ဆေးမှုတွေ
● အတွက်အချက်နဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မေးပါလိမ့်မယ်
>> စစ်ဆေးမှုတွေ
● ခေါင်းကို ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် ရိုက်တာ
● သွေးကြောထဲကို ဆေးသွင်းပြီး ဓာတ်မှန်ရိုက်တာမျိုး
● ဦးခေါင်းခွံ ဓာတ်မှန်
● အသားစယူပြီး စစ်ဆေးတာ
>> ဒီရောဂါနဲ့ ပတ်သက်ပြီး ဒါတွေ သိထားပါ
● အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
● ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မသိသေးပါဘူး၊ အကြမ်းဖျင်း မျိုးရိုးနဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုတွေနဲ့ ဆိုင်တယ်လို့တော့ သတ်မှတ်ထားပါတယ်။
● ဆရာဝန်တွေက ဦးနှောက်မှာရှိတဲ့ cells လေးတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အဆင့် 1, 2, 3, 4 ဆိုပြီးတော့ သတ်မှတ်ကြပါတယ်။
Htar (www.drmyanmar.com)






























