Covid-19 ရဲ့ ထူးခြားတဲ့ရောဂါလက္ခဏာတစ်ခု
အခုချိန်ကမ္ဘာတစ်ဝှန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ များလာတာနဲ့အမျှ ကူးစက်မှုနှုန်း ကျဆင်းလာအောင် လုပ်တဲ့နေရာမှာ ရောဂါလက္ခဏာတွေကို စောစောစီးစီး သိရှိဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ကူးစက်နှုန်းတွေ များလာတာနဲ့အမျှ ရောဂါလက္ခဏာအသစ်တွေကလည်း ပေါ်ပေါက်လာပါတယ်။ လတ်တလော တွေ့ရှိချက်တွေအရဆိုရင် အောက်ပါလက္ခဏာနှစ်ခုကို တွေ့ရှိရရင် ကိုရိုနာဗိုင်းရပ်စ်ကို စောစောစီးစီးစစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အင်္ဂလန်နိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်များအဖွဲ့က သူတို့ဆီကို ရောက်လာတဲ့ တစ်ကမ္ဘာလုံးက ဆရာဝန်တွေရဲ့စာတမ်းတွေအရ အနံ့မရတော့တာဟာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တကယ်လို့ သင်သာ ဒီလိုလက္ခဏာမျိုး ခံစားနေရတယ်ဆိုရင် တခြားလက္ခဏာတွေမရှိတောင် အိမ်မှာတင် isolation လုပ်သင့်တယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ Professor Clarie Hopkins က ဒီလက္ခဏာကို လူတိုင်း သတိထားစေချင်တယ်။ အနံမရတာမျိုး၊ အရသာခံလို့မရတာမျိုးတွေရှိခဲ့ရင် အိမ်မှာ သီးခြားနေထိုင်ကြပါလို့ ထပ်လောင်းပြောကြားပါတယ်။
ဒါဟာ ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲကိုဝင်ပြီး ပြန်ထွက်သွားတဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့လက္ခဏာတစ်ခု ဖြစ်တယ်။ ရိုးရိုးတုပ်ကွေး၊ အအေးမိတဲ့အခါမှာလည်း ဖြစ်တတ်သလို တခြားအသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်တတ်သေးတယ်။ Covid-19 ကြောင့်ဖြစ်တဲ့ အနံမရတာက အခုအချိန်မှာတော့ ခဏတာပဲဖြစ်တာ တွေ့ရပေမယ့် အချိန်ကြာလာမှသာ ဒါဟာ ခဏတာလား၊ အမြဲတမ်း ဖြစ်သွားမှာလားဆိုတာ သေချာသိနိုင်မယ်လို့ Professor Carl က ဆိုပါတယ်။
London King College က ပညာရှင်တွေ တီထွင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဖော်ထုတ်တဲ့ application ရဲ့ အချက်အလက်တွေအရ ဒီအနံ့၊ အရသာမရဘူးဆိုတဲ့ လူနာတွေရဲ့ 59% လောက်မှာ ပိုးရှိနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ လတ်တလောမှာ ဒီလက္ခဏာဟာ ပိုး ရှိ၊ မရှိကို အနီးစပ်ဆုံး သိစေနိုင်တဲ့လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
တခြား Covid-19 ရဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းလျှော၊ ဗိုက်အောင့်တာ၊ အစားစားချင်စိတ်မရှိတာ စတာတွေကိုလည်း သတိထားရပါမယ်။
Dr. Htar (www.drmyanmar.com)















