Omega 3 ငါးကြီးဆီ သောက်သုံးခြင်းကြောင့် နှလုံးကျန်းမာရေး ပိုကောင်းလာစေပါတယ်
အသက်အရွယ်ကြီးရင့်လာသူတွေမှာ Omega 3 ငါးကြီးဆီကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အထူးတိုးတက်ကောင်းမွန်စေပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ တိတ်တဆိတ် လူသတ်သမားအဖြစ် ဇီဝန်ခြွေနေခဲ့တာကြာခဲ့ပါပြီ။ ဒါ့ကြောင့် အသက်အရွယ်ရလာပြီဆိုတာနဲ့ သွေးတွင်းအဆီဓာတ်ကို ပုံမှန်စစ်ဆေးပါ။ နှလုံးအီးစီဂျီ ရိုက်ပါ။ သွေးပေါင်မှန်မှန်ချိန်ပါ။ အငန်နဲ့ အဆီတွေလျှော့စားပါ။
ဒါ့အပြင်
• မတ်တပ်ရပ်အလုပ်လုပ်ပါ။
• အထိုင်လျှော့ပါ။
• လက်၊ ခြေထောက် အစဉ်လှုပ်ရှားသွက်လက်နေပါစေ။
• ကွေးကွေးကုန်းကုန်းမနေပါနဲ့။
• ခါးနဲ့ လည်ပင်းကို အကြောဆန့်ရင်း သက်သာတဲ့အနေအထားမှာနေပါ။ တသမတ်တည်း ထားလေ အာရုံကြောတွေထိုင်းလေပါပဲ။
• မျက်စိ၊ ကျောက်ကပ်နဲ့ နှလုံးကျန်းမာရေး ပုံမှန်ပြသစစ်ဆေးပေးပါ။
• အမျှင်ဓာတ်များတဲ့ သစ်သီးဝလံတွေ ရွေးချယ်စားသောက်ပါ။
• မနက်စာ စားဖြစ်အောင်စားပါ။
• ညအိပ်ခါနီး (သို့) ညမှထပြီး ထပ်မစားပါနဲ့။
Maxx Omega 3 1

အသက်ရလာလေ သွေးလွှတ်ကြောတွေရဲ့နံရံတွေ ပိုမိုထူထဲလာလေပါပဲ။ သွေးကြောတွေထူထဲလာရင် နှလုံးကညှစ်လိုက်တဲ့အခါ ဖိအားဆောင့်တက်လာပြီး သွေးကြောတွေကိုဖောင်းကားစေပါတယ်။ ကွက်ပြီးဖောင်းကားလာတဲ့နေရာတွေ ကတဆင့် ဖိအားဆက်တက်လာပါတယ်။
လတ်တလောသုတေသနတွေအရ Omega 3ငါးကြီးဆီဟာ သွေးကြောတွေ တင်းမာလာတာကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ Omega 3 ဟာ အသက်ကြီးလို့သွေးကြောတွေအပေါ်အိုမင်းတာတွေ သက်ရောက်လာတာကို ထိထိရောက်ရောက်ပြောင်းလဲပစ်နိုင်ပါတယ်။
လေ့လာမှုတွေအရ အသက်၆၀ နဲ့ ၇၀ ကြားမှာ Omega 3 ငါးကြီးဆီကို သုံးလတိတိသောက်သုံးပြီးနောက်မှာ သွေးကြောတွေအပေါ် သက်ရောက်တဲ့ဖိအားကို လျင်မြန်စွာကျဆင်းလာပြီး နှလုံးကျန်းမာရေးအလွန်ကောင်းလာတာကို တွေ့ခဲ့ကြပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Maxx Omega 3 2

(Unicode)
















