သနေ္ဓသားမျိုးဗီဇချွတ်ယွင်းမှုလက္ခဏာများကို ကြိုတင်စစ်ဆေးသိရှိနိုင်သော iGene ဝန်ဆောင်မှုအား စတင်မိတ်ဆက်
မြန်မာနိုင်ငံမှ Bio Secure Co.,Ltd နှင့် စင်င်္ကာပူနိုင်ငံမှ Inex Innovations Exchange Pte Ltd တို့ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် သနေ္ဓသား၏မျိုးရိုးဗီဇချွတ်ယွင်းမှုလက္ခဏာများ (Fetal Genetic Sydromes) နှင့် ကျား/မ လိင် (Fetal Sex) ကို ကိုယ်ဝန်ဆောင်စဉ် 10 ပတ်မှစ၍ ကြိုတင်စမ်းသပ်စစ်ဆေးမှု iGene ဝန်ဆောင်မှုအား စတင်မိတ်ဆက်ခြင်းကို အောက်တိုဘာ 9 ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် Bio Secure Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဒါရိုက်တာကျော်ထူးနိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြော ကြားပေးခဲ့ပြီး Inex Innovations Exchange Pte Ltd မှ Business Development Head Dr.Francisco M.Gil-Salas မှ iGene ကို မည်ကဲ့သို့စစ်ဆေးသည်အား တင်ပြဆွေးနွေးပေးခဲ့ရာ ဆေးပညာနယ်ပယ်အသီးသီးမှ ဆရာဝန်ကြီးများ၊ ဆေးရုံများမှဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
အချို့သော မျိုးရိုးဗီဇချွတ်ယွင်းမှုရောဂါများသည် အသက် 40 ကျော်ကိုယ်ဝန်ဆောင်မိခင်များတွင်အဖြစ်များပြီး ယခုအခါ အသက် 20 ကျော် ကိုယ်ဝန်ဆောင်မိခင်များတွင် လည်းတွေ့ရှိလာရသဖြင့် မိမိ၏ဝမ်းဗိုက်အတွင်းမှ 10 ပတ်အရွယ် ရင်သွေးငယ်ကို iGene နည်းပညာဖြင့် မျိုးဗီဇချို့ယွင်းမှုရောဂါရှိ/မရှိကို စစ်ဆေးပြီးကြိုတင်သိရှိနိုင်ပြီဖြစ်ကာ ရင်သွေးငယ်၏ ကျား/မ လိင်ကိုပါတစ်ပါတည်း သိရှိနိုင်အောင် အန္တရာယ်ကင်းစွာဖြင့်စစ်ဆေးနိုင်မည်ဖြစ်သည်။
iGene စနစ်ဖြင့် မျိုးရိုးဗီဇချွတ်ယွင်းမှု ရှိ/မရှိနှင့် ဝမ်းဗိုက်အတွင်းမှ ကလေးငယ် ကျား/မ လိင်စစ်ဆေးပုံမှာ ပထမအဆင့်အနေဖြင့် မိခင်၏လက်မောင်းမှသွေးကို ထုတ်ယူရမည်ဖြစ်ပြီး သွေးကိုခေတ်မီနည်းပညာဖြင့် စစ်ဆေးပေး၍ စစ်ဆေးပြီး 7 ရက်မှ 10 ရက်အတွင်း တိကျသောအဖြေကိုရရှိနိုင်ကြောင်းသိရသည်။ သနေ္ဓသား၏မျိုးရိုး ဗီဇချွတ်ယွင်းမှုလက္ခဏာ 16 မျိုးနှင့် သနေ္ဓသားသည် ကျားဖြစ်သည် မဖြစ်သည်ကို ကြိုတင်စွာသိနိုင်သော iGene စစ်ဆေးမှုမှာ ကမ်ဘာ့နိုင်ငံအချို့တွင်လည်းပြုလုပ်နေကြပြီး မြန်မာနိုင်ငံတွင်လည်း ကိုယ်ဝန်ဆောင်မိခင်အချို့တို့ပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စားသောသူများအနေဖြင့်လည်း ပြုလုပ်နိုင်ရန် မိတ်ဆက်မှုစတင်ရခြင်းဖြစ်ပါကြောင်းနှင့် ကျေးဇူးတင်စကားကို Bio Secure Co.,Ltd မှ အမှုဆောင် ဒါရိုက်တာဒေါက်တာကျော်ထွန်းလွင်မှ ပြောကြားခဲ့သည်။
iGene (Non Invasive Prenatal Test) နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုဆွေးနွေးလိုပါက Bio Secure Co.,Ltd ဖုန်းနံပါတ် 09-265288882 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။
May Su Hlaing
















