Cordlife ပင်မဆဲလ်ဘဏ်ဝန်ဆောင်မှု စတင်မိတ်ဆက်
စင်ကာပူအခြေစိုက် Cordlife Group Ltd နှင့် မြန်မာနိုင်ငံမှ Bio Secure Co., Ltd တို့ လက်တွဲပြီး သြဂုတ်လ 1 ရက်နေ့တွင် ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ပင်မဆဲလ်ဘဏ်ဝန်ဆောင်မှုများ မိတ်ဆက်ခြင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ Cordlife ပင်မဆဲလ်ဘဏ်ကို စင်ကာပူနိုင်ငံတွင် 2011 ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်လည်း ရရှိထားရာ 16 နှစ်ကျော်ကာလအတွင်း ရင်သွေးငယ်ပေါင်းများစွာ၏ အချင်းသွေးနှင့် ချက်ကြိုးပင်မဆဲလ်များကို သိမ်းဆည်းသိုလှောင်ရာတွင် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုရုံသာမက အရည်အသွေးနှင့် စံချိန်စံနှုန်း ထိန်းသိမ်းခြင်းတို့ကို အထူးအလေးပေး ဆောင်ရွက်သည့် ပင်မဆဲလ်ဘဏ်ဖြစ်ကြောင်း သိရသည်။
ရင်သွေးငယ်၏ အချင်းသွေးအား သွေးပင်မဆဲလ်များ (HSCs) အဖြစ် ပြောင်းလဲသိမ်းဆည်းနိုင်ရုံသာမက ၎င်း၏ မူပိုင်ခွင့်ရထားသော cell optima နည်းပညာဖြင့်လည်း ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ အရေပြား အပေါ်ယံအလွှာနှင့် မျက်ကြည်လွှာ အစရှိသည်တို့ကို အစားထိုးကုသရာတွင် ပြန်လည်အသုံးပြုနိုင်သော MSCs နှင့် EpSCs ပင်မဆဲလ်အမျိုးအစား 2 မျိုးအဖြစ် ပွားယူနိုင်ပြီး သွေးအားနည်းရောဂါ Thalassaemia, သွေးကင်ဆာရောဂါ Leukaemia, Cerebral Paisy တွင်လည်း ရောဂါကုသမှုပိုင်းဆိုင်ရာ အောင်မြင်မှု ရရှိထားသည်။
ထို့အပြင် ရင်သွေးငယ်၏ ဆီးမှတစ်ဆင့် အင်ဇိုင်းနှင့် ဇီဝရုပ် ဖြစ်ပျက်ခြင်းရောဂါများကို စစ်ဆေးခြင်း (Metascreen စစ်ဆေးခြင်း) ကို ဟောင်ကောင်ရှိ Corodilife ဓာတ်ခွဲခန်းတွင် အထူးဆောင်ရွက်ပေးနေပြီး ယင်းဝန်ဆောင်မှုများကို ယခုအခါ မြန်မာနိုင်ငံတွင် စတင်ရရှိနေပြီး မြန်မာနိုင်ငံမှ Bio Secure Co., Ltd သည် Cordlife ပင်မဆဲလ်ဘဏ်၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ဈေးကွက်ရှာဖွေရေးအေဂျင်စီအဖြစ် တရားဝင် ခန့်အပ်ထားပြီးဖြစ်ကြောင်းနှင့် ပင်မဆဲလ်ဘဏ်အကြောင်း အသေးစိတ် မေးမြန်းလိုပါက 09-265288882 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
May Su Hlaing (www.drmyanmar.com)