“ကမ္ဘာ့သက်ကြီးများအကြမ်းဖက်ခြင်းဆိုင်ရာအသိပညာပေးရေးနေ့” ဟောပြောပွဲကျင်းပ
လူမှု၀န်ထမ်းဦးစီးဌာနနှင့်မြန်မာနိုင်ငံသက်ကြီးစောင့်ရှောက်ရေးလူမှုအဖွဲ့အစည်းများကွန်ယက်တို့ ပူးပေါင်း၍ဇွန် 15 ရက်နေ့တွင်ကျရောက်သော ကမ့ာ်ဘ့သက်ကြီးများ အကြမ်းဖက်ခြင်းဆိုင်ရာ အသိပညာပေးရေးနေ့အတွက် သက်ကြီးအခွင့်အရေးဆိုင်ရာဟောပြောပွဲကို ရန်ကုန်မြို့သိမ်ဖြူလမ်း ရှိ မြန်မာနိုင်ငံဆရာ၀န်အသင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပါမောက္ခဆရာကြီးဒေါက်တာအောင်ထွန်းသက်၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးဒေါ်စန်းစန်းအေးနှင့် ဆည်းဆာရိပ်ဂီလာနဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဌဒေါ်ခင်မမတို့က သက်ကြီးများ၏ အခွင့်အရေး၊ ဥပဒေပိုင်းဆိုင်ရာနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းများကို ဟောပြောပေး ခဲ့ကြပြီး ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
''အသက်ကြီးတဲ့လူကြီးတွေကို ပုံစံအမျိုးမျိုးနဲ့နှိပ်စက်တာ၊ စော်ကားတာ ဒါတွေကမလုပ်သင့်ပါဘူး။ လူကြီးတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ်။ ဒါ သည်ကိုယ့်နိုင်ငံတစ်ခုတည်းမဟုတ်ဘူး၊ အပြည်ပြည်ဆိုင်ရာမှာလည်း စံချိန်စံညွှန်းတွေရှိပါတယ်။ လူကြီးတွေကို မတရားလုပ်တာ၊ မတရားစီးပွားရှာတာကို ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ရေရှည် Long term care ဂရုစိုက်တာ၊ ပြီးတော့ပေါ်လစီ အရ ဆုံးဖြတ်နိုင်တဲ့နေရာတွေကလည်း သက်ကြီးတွေကို ဘယ်လိုလုပ်ပေးရင် ကောင်းနိုင်မလဲ စဉ်းစားပေးရမယ်။ တစ်နေ့ကျရင် ကိုယ်လည်းသူ့နေရာရောက်မှာပါ။ အသက်ကြီးတဲ့လူတွေကို အသိအမှတ်ပြုပါ၊ အသက်ကြီးတဲ့သူတွေက ကိုယ့်နိုင်ငံရဲ့အင်မတန်မှတန်ဖိုးရှိတဲ့ စွမ်းအားစုတစ်ခုလို့စဉ်စားပေးပါ''ဟု ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
မြန်မာနိုင်ငံသက်ကြီးစောင့်ရှောက်ရေးလူမှုအဖွဲ့အစည်းများကွန်ယက်တွင် အဖွဲ့ပေါင်း 12ဖွဲ့ပါရှိပြီး အဆိုပါအဖွဲ့များအနေဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ပတ်သက်သောလုပ်ငန်းများတွင် မိမိတို့ တစ်ဖွဲ့ချင်းစီအလိုက် ဆောင်ရွက်သည်များလည်းရှိသကဲ့သို့ အဖွဲ့အားလုံးပေါင်းစီးပြီး ဆောင်ရွက်မှုများလည်း ရှိနေကြောင်း သိရသည်။
''အမတို့အဖွဲ့အနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ကာကွယ်မှုတွေကို ဆောင်ရွက်နေပေမယ့် အားလုံးကတော့ coverမလုပ်နိုင်သေးဘူး၊ အသိပညာပေးတာတွေ၊ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်ကြတယ်။ အဖွဲ့တွေအချင်းချင်းပြန်လည်ပြီး Sharining ပြန်လုပ်ကြတာတွေ ရှိတယ်။ ပြုစုစောင့်ရှောက်ဖို့လိုအပ်တဲ့ သက်ကြီးတွေနဲ့ resources တွေပေးနိုင်သေးတဲ့ သက်ကြီးတွေကို နိုင်ငံတော်ရဲ့ ဘယ်လိုကဏ္႑တွေမှာ လုပ်ကိုင်စေမလဲဆိုတာကို အသိပညာပေးချင်တယ်။ သက်ကြီးရွယ်အိုဆိုတာ မြန်မာနိုင်ငံမှာ တခြားသောကဏ္႑တွေနဲ့ယှဉ်လိုက်ရင် လူတွေအရမ်းကြီး စိတ်၀င်စားမှုမရှိသေးဘူးပေါ့။ ဒီမှာက Genderတို့လို၊ အမျိုးသမီးကဏ္႑တွေမှာပိုပြီး active ဖြစ်တယ်။ ကလေးဆိုလည်း ကလေးပေါ့။ သက်ကြီးရွယ်အိုအပိုင်းက တဖြည်းဖြည်းနဲ့တော့ များလာပါတယ်။ ပြည်တွင်းမှာ ပြုစုစောင့်ရှောက်မှုနဲ့ပက်သက်ပြီး ကောင်းမွန်တဲ့စနစ်တွေ၊ ပေါ်လစီတွေသာ ရှိလာရင် အသက်အရွယ်ကြီးရင့်မှုက ပြဿနာမဟုတ်တော့ပါဘူးဆိုတာ Message လေးပေးချင်ပါတယ်''ဟု အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ ဆောင်ရှောက်ရေးအဖွဲ့စီမံကိန်းမန်နေဂျာ မအေးမြတ်ဖြူက ပြောကြားသည်။
သက်ကြီးရွယ်အိုများအခွင့်အရေး၊ အကြမ်းဖက်မှုမခံရရေး၊ သက်ကြီးရွယ်အိုများအပေါ် အမြတ်ထုတ်ခြင်းများ မရည်ရွယ်ဘဲ လျှစ်လှူရှုမိကာ စကားမပြောဘဲနေခြင်းသည် သက်ကြီးရွယ်အိုများအပေါ် မပြုလုပ်သင့်ကြောင်း လူမှု၀န်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပြောကြားခဲ့သည်။
May Su Hlaing
















