/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/2017-ခုနှစ်အတွက်-colgate၏-5-ကြိမ်မြောက်-သွားနှင့်ခံတွင်း

2017 ခုနှစ်အတွက် Colgate၏ (5) ကြိမ်မြောက် သွားနှင့်ခံတွင်း ကျန်းမာရေးအစီအစဉ်တွင် မြန်မာနိုင်ငံအနှံအပြားမှ လူပေါင်း 7 သောင်းကျော်အား အထောက်အကူပေးနိုင်ရန်ရည်ရွယ်ထား

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထူအားသွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးပါမှု ပညာပေးအစီအစဉ်နှင့် မိတ်ဆက်ပေးရန်အတွက် Colgate-Palmolive နှင့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်အသင်းတို့၏ (5) ကြိမ်မြောက်သွားနှင့်ခံတွင်း ကျန်းမာရေးအစီအစဉ်ကို စတင်မည်ဖြစ်ကြောင်းသိရသည်။

        (5) ကြိမ်မြောက်သွားနှင့်ခံတွင်း ကျန်းမာရေးအစီအစဉ်ကို ဖေဖော်ဝါရီလ 1 ရက်မှ 28 ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယခင်နှစ်များထက် ပိုမိုများပြားသောပြည်သူတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အသိပညာများတိုးတက်လာစေဖို့ ကူညီပေးသွားရန် Colgate မှ ဆောင်ရွက်ရန် ရည်မှန်းထားပြီး မိတ်ဆက်ခြင်းအစီအစဉ်ကိုလည်း ရန်ကုန်မြို့ Hleedon Shopping Center တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြွရောက်လာမည့်ဧည်သည်များအား အခမဲ့သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် သိရှိလိုသူများအတွက် အမေး၊ အဖြေ ဖြေကြားခြင်းကဏ္႑များလည်း ပြုလုပ်ပေးခဲ့သည်။

        သွားနှင့်ခံတွင်း ကျန်းမာရေးတစ်လတာအစီအစဉ်သည် ဖေဖော်ဝါရီလ တစ်လအတွင်း  မြန်မာပြည်တွင်းရှိ သုံးစွဲသူများအတွက် သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးပါပုံကို နားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ရန်ကုန်မြို့အတွင်းရှိ သွားကျန်းမာရေးဌာနပေါင်း (44) ခုအပါအဝင်၊ သွားဆေးခန်း (430) နှင့် ဆေးရုံများတွင် ကလေးများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေးပညာပေး အထောက်အကူပြုပစ္စည်းများနှင့် အခမဲ့ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး 2016 ခုနှစ်၊ Colgate ၏ သွားနှင့်ခံတွင်းကျန်းမာရေး တစ်လတာလှုပ်ရှားမှု အစီအစဉ်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သွားဆေးခန်း (414) ခုမှ၊ လူပေါင်း 6 သောင်းကျော်အား သွားကျန်းမာရေးဝန်ဆောင်မှုများပေးခဲ့ကာ တစ်လတာ လှုပ်ရှားမှုအစီအစဉ်၏ တိုးတက်လာမှုကြောင့် နိုင်ငံ တစ်ဝန်းရှိ သွားဆေးခန်းများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခဲ့ပြီး ယခုနှစ်တွင် လူဦးရေ 7 သောင်းကျော်ကို သွားကျန်းမာရေးစစ်ဆေးပေးနိုင် ရန် မျှော်လင့်ထားသည်။

         “Colgate အနေနဲ့ လူကြီး၊ လူငယ်မရွေး၊ လူတိုင်းဟာ ကျန်းမာတဲ့ သွားနဲ့ခံတွင်းရဲ့ အကျိုးရလဒ်ကိုနားလည်းသဘောပေါက်စေချင်တယ်။ ဒါမှလည်း ကျန်းမာတဲ့သွားနဲ့ခံတွင်းတွေကို ရရှိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကစတင်ပြီး မြန်မာနိုင်ငံသွားနှင့် ခံတွင်း ဆရာဝန်အသင်းနဲ့ ပူးပေါင်းပြီး မြန်မာနို်င်ငံအတွင်း ကပြည်သူတွေရဲ့ သွားကျန်းမာရေးအတွက် ဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။ Colgate ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးလဟာ နှစ်စဉ်ပြုလုပ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တယ်။ မြန်မာပြည်သူတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုပါဝင်လာနိုင်ဖို့အတွက် အစီအစဉ်တွေကို နှစ်စဉ်တိုးမြှင့်ဆောင်ရွက်သွားဖို့ ကတိကဝတ်ပြုပါ တယ်။ သွားကျန်းမာရေးဟာ တစ်ကိုယ်ရေကျန်းမာရေးအတွက် အဓိကသော့ချက်ပါ။ နေ့စဉ် တစ်နေ နှစ်ကြိမ် သွားတိုက်ခြင်းဖြင့် သွားနာ၊ သွားကိုက်ခြင်း၊ သွားကျိုးခြင်း၊ သွားဖုံးနာရောဂါတွေကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုတိုးတက်စေပါတယ်။ ဒါကြောင့် သွားကျန်းမာရေး အသိပညာပေးလုပ်ငန်းဟာ အရေးကြီးပါတယ်။’’ Colgate ၏  Senior Professional Relation Manager ဖြစ်သူ Dr.Sompong  က ပြောကြားသည်။

        “ယခု (5) ကြိမ်မြောက် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်းအစီအစဉ်မှာ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်းက Colgate နဲ့အတူ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကလေး၊ လူကြီးအသီအသီးရဲ့ သွားကျန်းမာရေးအသိပညာတွေ တိုးတက်လာစေဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အကျိုးရလဒ်ကို ယခင်နှစ်များကဲ့သို့ ဆက််လက်ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်း ဥကဌ Professor ဒေါက်တာသိိန်းကြူက ဆက်လက်ပြောကြားသည်။

        Colgate ၏  သွားနှင့်ခံတွင်းကျန်းမာရေးပညာပေးလသည်  နှစ်စဉ်ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Colgate-Palmolive မှ ကမ်ဘာ့တစ်ဝန်းရှိ ဒေသ အတွင်း သွားနှင့်ခံတွင်းဆိုင်ရာ အရာရှိများနှင့်ပူးပေါင်းကာ သွားနှင့်ခံတွင်းကျန်းမာရေး၏  အရေးပါမှုကို အများပြည်သူများအားပညာပေးရန် အကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်သည်။ Colgate ၏ သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးလအကြောင်းနှင့် သွားနှင့်ခံတွင်း စစ်ဆေးခြင်းများကို ထပ်မံသိရှိလိုပါက Colgate Myanmar Facebook page တွင်ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

May Su Hlaing

www.drmyanmar.com