/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/feroglobin-မိသားစုမှကြီးမှူး၍

Feroglobin မိသားစုမှကြီးမှူး၍ ဒုတိယအကြိမ်မြောက်သွေးလှူဒါန်းပွဲပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          သွေးရောဂါဝေဒနာရှင်များနှင့် သွေးသွင်းခြင်းဖြင့် အသက်ရှင်ရန်လိုအပ်နေသောလူနာများအတွက် မရှိမဖြစ်လိုအပ်သော လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ၊ 21 ရက်နေ့တွင် Feroglobin မိသာစုမှကြီးမှူး၍ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဌာနတွင် ကျင်းပခဲ့သည်။

          သွေးလှူဒါန်းပွဲ၌ Feroglobin မိသားစုမှ ဝန်ထမ်းများအပါအဝင် ပြင်ပမှသွေးလှူဒါန်းလိုသောပုဂ္ဂိုလ်များ ပါဝင်လှူဒါန်းခဲ့ရာ စုစုပေါင်းအလှူရှင် 50 ဦးခန့် ပါဝင်ကြကြောင်း သိရသည်။

          ''အမတို့အနေနဲ့ ဒါက ဒုတိယအကြိမ်ကျင်းပတဲ့ပွဲပါ။ မတ်လလောက်ကလည်း ပထမအကြိမ်လှူခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ဒီသွေးလှူဘဏ်က ဆရာမကလည်း 4လ တစ်ကြိမ်အနည်းဆုံးခြားပြီး သွေးလှူလို့ရတယ်ပြောတဲ့အတွက်ကြောင့်မို့ အနည်းဆုံး 4လ ခြားပြီးတော့မှ သွေးလှူဒါန်းပွဲလေးတွေလုပ်ရခြင်းဖြစ်ပြီး နောက်ပိုင်းတွေမှာလည်း ဒီလိုပွဲမျိုးဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ်။ ဒီမှာက ကုမ္ပဏီကဝန်ထမ်းတွေအပြင် ပြင်ပကစေတနာရှင်စိတ်ဝင်စားသူတွေလည်း လာလှူလို့ရအောင် ဒီ event လေးကို ဖေ့ဘုတ်ကနေလည်း တဆင့်ဖိတ်ခေါ်တယ်။ အဲ့ဒီကနေ စာရင်းပေးပြီးလှူဖို့အတွက် ပြင်ဆင်ပေးသလို ဒီနေ့ အောက်တိုဘာ 21 ရက်နေ့မှလည်း သွေးလာလှူတဲ့လူတွေလည်း စာရင်းပေးသွင်းပြီး လှူနိုင်ပါတယ်။ သွေးလှူတဲ့သူတွေကို Feroglobin မိသားစုကနေ သံဓာတ်အားဖြည့်ဆေး၊ နံနက်စာ၊ နေ့လည်စာအာဟာရတွေ ဒါနပြုပါတယ်။ အဓိကကတော့''အသက်သည်သွေး၊ သွေးသည်အသက်''ဆောင်ပုဒ်လေးအတိုင်း အသက်ရှင်သန်ဖို့အတွက် သွေးလိုအပ်နေတဲ့ ဝေဒနာရှင်တွေအတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပါတယ်''ဟု Vitabiotics Co.,Ltd မှ Product Manager ဖြစ်သူ ဒေါက်တာစုစနီ္ဒထွန်းက ပြောသည်။

 

May Su Hlaing

www.drmyanmar.com