/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/hansaplast-မှ-“ချစ်ခြင်းမေတ္တာဖြင့်-စောင့်ရှောက်ပါ”

Hansaplast မှ “ချစ်ခြင်းမေတ္တာဖြင့် စောင့်ရှောက်ပါ” အစီအစဉ်နှင့် ထိခိုက်ရှနာဒဏ်ရာစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးခြင်းများလုပ်ဆောင်မည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        ထိခိုက်ရှနာဒဏ်ရာများဖြစ်ပွားရာတွင် ရောဂါပိုးမွှားမ၀င်ရောက်နိုင်ရန် လုံခြုံမှုပေးသည့်နေရာတွင် အသုံးပြုသော Hansaplast ပလာစတာက မြန်မာနိုင်ငံတွင် ပထမဆုံးလှုပ်ရှားမှုအဖြစ် “ချစ်ခြင်းမေတ္တာဖြင့်စောင့်ရှောက်ပါ” အစီအစဉ်ကို 2016 ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလ အတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း Hansaplast မှ Marketing Manger ဖြစ်သူ Mrs.Oraphan Phongsphanij က ပြောကြားခဲ့သည်။

        အဆိုပါ “ချစ်ခြင်းမေတ္တာဖြင့်စောင့်ရှောက်ပါ” အစီအစဉ်တွင် ကလေးများကို ထိခိုက်ရှနာ ဒဏ်ရာများကို စောင့်ရှောက်မှုအတွက် အရေးပါသည့်အဆင့်များကို ကလေးငယ်များသိရှိနားလည်နိုင်စေရန်နှင့် ထိုဗဟုသုတများကို မျှေ၀သင်ကြားစေရန်အတွက် ရန်ကုန်နှင့်မန္တလေးမြို့များရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (100) သို့ ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း ကျောင်းတွင်းလှုပ်ရှားမှုအဖြစ် စတင်မည်ဖြစ်သည်။

        ကျောင်းတွင်းလှုပ်ရှားမှု၌ ရန်ကုန်ရှိကျောင်း 70 နှင့်မန္တလေးမှ ကျောင်း 30 စုစုပေါင်းကျောင်း 100 တွင် Hansaplast ၏ ကာတွန်းဇာတ်ကောင်လေးဖြစ်သော Hansaboy လေးက ကျောင်းတစ်ကျောင်းစီကို တစ်နှစ်လျှင် 2 ကြိမ်စီ သွားရောက်ကာ ကလေးများထိခိုက်ဒဏ်ရာရလျှင် ဘယ်လိုရှေးဦးပြုစုရမည် ဆိုသည်ကို ပျော်ပျော်ပါးပါးသင်ကြားပေးသွားမည်ဟု သိရသည်။

        ထို့အပြင် Hansaplast သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ကျောင်း 10 ကျောင်း သို့ ရှေးဦးသူနာပြုသင်တန်းပေးရန်ရှိသည့်အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Hansaplast ပလာစတာများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

        ထပ်မံ၍ ကျောင်းများအချင်းချင်းပြိုင်ပွဲအနေနှင့်လည်း ပလာစတာအခွံလေးများကို စုသိမ်းရန် ပုံးလေးများ ကို ကျောင်းများတွင်ထားရှိမှာဖြစ်ကာ အများဆုံးစုသိမ်းနိုင်သောကျောင်း 3 ကျောင်းအား ပထမဆုငွေကျပ် (600,000)၊ ဒုတိယဆုကိုငွေကျပ် (500,000)နှင့် တတိယဆုကိုငွေကျပ် (350,000) အသီးသီးပေးအပ်ရန် စီစဉ်ထားသည့်အပြင် အများဆုံးရရှိသောကျောင်း (10) ကျောင်းမှ ရွေးချယ် ထားသော ကျောင်းသား 30 ဦးသည် ကြက်ခြေနီအသင်းကပေးသော အထူးရှေးဦးပြုစုသင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။

        ကျောင်းသားတစ်ဦးချင်းစီ ဆုရနိုင်သောအစီစဉ်တွင် ကျောင်းပိတ်ရက်အတွင်း Hansaplast ဇာတ်ကောင် Hansaboy လေးအား ပုံဆွဲဆေးရောင်ခြယ်ပြီး ယှဉ်ပြိုင်ရာတွင် ဆုရသည့် ကလေးငယ် သည် ကျောင်းပိတ်ရက်တွင် သူ၏မိသားစုနှင့်အတူ ပြည်တွင်းခရီးစဉ်တစ်ခုကို ပျော်ပွဲစားသွားနိုင်ရန် စီစဉ်ပေးထားမည်ဟုသိရသည်။

        မိသားစုကိုကာကွယ်စောင့်ရှောက်ခြင်းကို အထူးအလေးထားသည့် Hansaplast သည် “ချစ်ခြင်းမေတ္တာနဲ့စောင့်ရှောက်ပါ Hansaplast နဲ့ကာကွယ်ပါ’’ ဓာတ်ပုံလှုပ်ရှားမှုကို ရန်ကုန်နှင့်မန္တလေးရှိပန်းခြံ 10 ခုတွင် စတင်မည်ဖြစ်၍ မိသားစုအမှတ်တရအချိန်ကို မှတ်တမ်းတင်ခြင်းဖြင့် ယခုလှုပ်ရှားမှုတွင် ပါ၀င်ဆင်နွဲနိုင်ကာ Hansaplast က မိသားစုများနှင့်အတူ အမှတ်တရဓာတ်ပုံများရိုက်နိုင်ရန် ရန်ကုန်ရှိ အင်းယားလိပ်၊ ဟတ်ပီးေဝါလ်၊ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီးနှင့် တိရစာၦန်ဥယျာဉ်၊ မန္တလေးတွင် မနောရမန်းဥယျာဉ်၊ ရတနာပုံတိရစာၦန်ဥယျာဉ်၊ မြို.တော်ဥယျာဉ်နှင့် ကန်တော်ကြီးဥယျာဉ်များမှ ပန်းခြံ 5 နေရာ၌ ပန်းခြံတွင်းပျော်စရာအစီအစဉ်များကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

May Su Hlaing

www.drmyanmar.com